Part_15{Uni: & ZG}

2.3K 92 24
                                    

🔔🔔🔔 Unicode 🔔🔔🔔

"Ring~~Ring📲"

ဆူညံနေသော ဖုန်းringtoneသံကြောင့် နေရဲ နိုးလာသည်...
ကုတင်ဘေး စားပွဲခုံတွင်တင်ထားသော ဖုန်းကိုအမြန်လှမ်းယူလိုက်ကာ ဖုန်းဖြေလိုက်သည်..
အိပ်ချင်မူးတူးနှင့်မို့ Contact nameလည်းကြည့်မနေတော့...
Answer callနှိပ်ပြီး Helloမထူးရသေးခင်မှာပင် တစ်ဖက်မှ ရှိုင်း ၏ အသံက ကျယ်လောင်စွာထွက်လာသည်...

"ဟျောင့် ပိုင်ဇေ...မင်းခုထိအိပ်ယာမထသေးဘူးလားကွာ..ငါဖုန်းခေါ်နေတာ၄ ၅ခါရှိနေပြီ.."

"အေး..အခုငါလည်း မင်းအဲ့လိုဆက်တိုက်ခေါ်နေလို့ ringtoneသံ ဆူညံပြီးအိပ်မရတော့ဘူး!"

"အိပ်မရတော့ဘူးလုပ်မနေနဲ့ ငမူးကောင်..မြန်မြန်ထ...ဒီနေ့ မနက်၁၀နာရီ အစည်းအ​ေ၀းရှိတယ်.."

"ဟာ..အေးပါကွာ...ငါဒီမှာခေါင်းနည်းနည်းကိုက်နေလို့.."

"ကိုက်မှာပေါ့...ညကမူးရူးပြီးအိပ်ပျော်သွားတာကိုး..ခေါင်းကိုက်တယ်ဆိုပြီး ပြန်မအိပ်နေနဲ့တော့.ခုပဲ ၈နာရီထိုး တော့မယ်..ငါတောင်Companyရောက်နေပြီ.."

"omm..ငါလည်းအစည်းအ​ေ၀းမီအောင်လာခဲ့မယ်..ဒါပဲ ဟျောင့်.."
နေရဲ End callနှိပ်လိုက်သည်...ထို့နောက်ဖုန်းscreenတွင်ပေါ်လာသော Wallpaperလေးကို ကြည့်ပြီးသူပြုံးမိသည်...

ဒီ ၈နှစ်တာကာလအတွင်း နေရဲ၏ အပြုံးများကိုအသက်၀င်စေသည်မှာ ဤဓာတ်ပုံလေးတွေသာရှိမည်ပင်။

Wallpaperလေးပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးနေတဲ့ ၁၃နှစ်အရွယ်ကောင်လေးနှစ်ယောက်.. ပုံလေးကရိုးရှင်းပေမယ့် ကာယကံရှင်၂ယောက်ရဲ့ရင်ထဲကနက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာတွေကိုတော့ သူတို့ကိုယ်တိုင်သာသိပေလိမ့်မည်....
ထိုပုံလေးသည် သူတို့၂ယောက် နောက်ဆုံးရိုက်ခဲ့သော ငယ်ဘ၀အမှတ်တရပုံလေးပင်။

Cameraထဲမှထုတ်ပြီးသား ဓာတ်ပုံကို ဖုန်းနဲ့ပြန်ရိုက်ယူထားရသောကြောင့် Wallpaperပုံမှာအရမ်းမထင်ရှားသော်လည်း ကြည့်လိုက်သည်နှင့် ထိုကောင်လေး၂ယောက် မည်သူတွေဆိုတာ တန်းသိနိုင်လေသည်...

နေရဲ Wallpaperလေးကြည့်၍ ကြည်နူးနေတုန်းရှိသေး ဖုန်းringtoneထပ်မြည်လာပြန်သည်...

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now