🔔{ZawGyi Font}🔔
"ဇွဲလေး..တီလေးအလုပ်သွားတော့မယ်နော်..ဒီနေ့Companyက အလုပ်ခန့်မခန့်ကို အကြောင်းကြားမှာဆို.."
"အာာ..ဟုတ်..တီလေး..ရမယ့်ပုံလည်းမပေါ်ပါဘူး တီလေးရာ အရမ်းမမျှော်လင့်နေဘူး.." ဇွဲလေးပြောရင်း ပေါင်မုန့်ထောပတ်သုတ် တစ်ချပ်ကိုပါးစပ်ထဲထိုးထည့်လိုက်သည်..
"အေးပါ..ကိုယ့်အကြောင်းကိုယ်သိရင်ပြီးတာပဲ..Ferryလာနေပြီ..တီလေးသွားပြီနော်.."
"ဟုတ်..." ဇွဲလေး ပြောသာပြောရတာ..တကယ်တော့ ထိုCompanyမှာ ဇွဲလေး အလုပ်လုပ်ချင်သည်...ဘာကြောင့်ရယ် လို့တော့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမပေးတတ်ပါ...
တစ်ဆက်တည်း...ဒုဥက္ကဌဆိုသည့်လူကြီးက အတွေးထဲပေါ်လာပြန်သည်.."ငါသာ အဲ့မနက်ကအဲ့လူကြီးနဲ့ရန်မဖြစ်ခဲ့ရင် ခုချိန်အလုပ်ရဖို့မျှော်လင့်ချက်လေးရှိဦးမှာ..ခုတော့...အဟင့်!!" ဇွဲလေး ငိုမဲ့မဲ့နှင့်...
"တော်ပြီ..စိတ်ပြေလက်ပျောက် Fbလေးကြည့်ဦးမှ.."ဇွဲလေး ပြောရင်း စားပွဲပေါ်တင်ထားသောဖုန်းကိုယူလိုက်သည်..
New Feedတွင်
"လက်ရှိအောင်မြင်နေသော ထိပ်တန်းစီးပွားရေးလုပ်ငန်း ၁ဝခု "
ဟူသောခေါင်းစဉ်နှင့် 7days News Pageကတင်ထားသည်ကိုတွေ့တော့ ဇွဲလေး စိတ်ဝင်စားသဖြင့် Linkထဲဝင်ကြည့်လိုက်သည်....Top3နေရာတွင် "SunShine Group" ပါလာသည်...
စိတ်ထဲမှလည်း Companyအုပ်ချုပ်သူကို ချီးကျူးမိသည်..📞Ring~~Ring 📞
ဇွဲလေး ဖုန်းသံမြည်လာ၍ ရုတ်တရက်လန့်သွားသည်.. Contactကိုကြည့်လိုက်တော့ S.S Gp ဆို၍ပိုစိတ်လှုပ်ရှားသွားသည်..
ဇွဲလေး Answerနေရာကို နှိပ်ကာ မဝံ့မရဲ ဖုန်းဖြေလိုက်သည်.."Hel..Hello" အရေးထဲစကားက ထစ်နေသေး...
"ဟုတ်ကဲ့..မောင်ဇွဲသူရိယ လား.." တစ်ဖက်မှ Company မန်နေဂျာ ဦးလေးကြီး၏ အသံ..
"ဟုတ်ပါတယ်ခင်ဗျ.."
"သြော်.ဟုတ်ကဲ့..မောင်ဇွဲသူရိယ Interviewအောင်လို့ မနက်ဖြန်အလုပ်စဆင်းဖို့ အကြောင်းကြားတာပါ.."ဟူသော မန်နေဂျာဦးလေးကြီး ၏အသံအဆုံး ဇွဲလေး သူ့နား သူမယုံနိုင်စွာနှင့်...
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......