Part_16 { Uni: & ZG}

4.2K 118 45
                                    

🔔 Unicode 🔔

"Hello~~"

"........"

"ဘယ်လိုလဲ ခုတလော အလုပ်အကိုင်အဆင်ပြေရဲ့လား"

"ဘာလဲ..မင်း ဆေးလိုနေလို့လား.."

"မလိုသေးပါဘူး..အရင်တပတ်ကပဲငါရ ထားသေးတယ်လေ"

"အဲ့ဒါဆို ခုဘာကိစ္စရှိလို့လဲ"

"ငါ့ကို လူတစ်ယောက်အကြောင်းစုံစမ်းပေး"

"လူတွေရဲ့နောက်ကြောင်းစုံစမ်းတာငါ့အလုပ်မှမဟုတ်တာ"

"ကျစ်!မင်းတပည့်တွေကို ပိုက်ဆံပေးပြီးခိုင်းလေ
မင်းအတွက်လည်းမနစ်နာစေရပါဘူး"

"...."

"ဘယ်လိုလဲ စုံစမ်းပေးမှာလား"

"Okလေ..ဘယ်သူ့နောက်ကြောင်းကိုစုံစမ်းပေးရမှာလဲ"

" SunShine Companyက စာရင်းဌာနမှာအလုပ်လုပ်နေတဲ့ ဇွဲ သူ ရိ ယ...သူ့အကြောင်းကို၁ပတ်အတွင်းစုံစမ်းပေးပါ "

"ကောင်းပြီ.."

"အွန်း..ဒါပဲ" လရောင်မေ ဖုန်းချလိုက်ပြီး နှုတ်ခမ်းတစ်ဖက်ကိုကော့ညွတ်ရုံပြုံးလိုက်သည်...

*ငါလျှောက်မယ့်လမ်းမှာ ဘာအတားအဆီးမှမရှိစေရဘူး..မင်းက ငါ့လမ်းကို အနှောင့်အယှက်ဖြစ်စေမယ့် ဆူးခလုတ်ဖြစ်မယ်ဆိုရင် ငါမင်းကိုရှင်းပစ်ဖို့လည်း၀န်လေးမှာမဟုတ်ဘူး*

လရောင်မေ တီးတိုးရေရွတ်လိုက်သည်..
ထို့နောက် လက်ကိုင်အိတ်ထဲက စီးကရက်ဘူးလေး ကိုထုတ်လိုက်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဖွာရှိုက်ရင်း အငွေ့တွေကို စိမ်ပြေနပြေမှုတ်ထုတ်လိုက်လေသည်....

~°~°~°~°~°~°~°~°~°~°~°~°

"ကိုဇွဲ ကြားပြီးပြီလား"

မနက်စောစောစီးစီး ဌာနထဲသို့ ဝုန်းဒိုင်းကြဲ ၀င်လာကာ အမောတကော နှင့် ​မေးလိုက်သော ခွန်ကောင်းဆက် စကားကို ဇွဲလေး သေချာနားမလည်..

"ဖြည်းဖြည်း..အသက်ကိုအရင်ရှူပါဦး.."

ဇွဲလေး ပြောတော့မှ ခွန်ကောင်းဆက် အသက်ရှူသွင်း ရှူထုတ်ကို ပုံမှန်အောင်ပြန်လုပ်ပြီး...

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now