{Recall..}
ကျန်ခဲ့သော နေရဲကတော့ နံရံကိုမီ၍ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်...မျက်ဝန်းအိမ်မှ မျက်ရည်များကလည်း အတားအဆီးမရှိ အဆက်မပြတ်ကျဆင်းလျက်...
ဒါတွေက သတ္တိမရှိတဲ့ကိုယ့်အတွက် အချစ်ကပေးတဲ့ ပြစ်ဒဏ်လား...
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ဇွဲလေး နေရဲတို့အတွဲကို ကျောခိုင်းပြီးထွက်လာခဲ့ပေမယ့်စိတ်ကတော့ အဲ့နေရာမှာတင် တဝဲလည်လည်...
'နေပါဉီး သူတို့က ဘယ်လိုဖြစ်ပြီး ဓာတ်လှေကားကို ပထမထပ်အထိမစီးဘဲ ငါတို့ဌာန ရှိတဲ့ ဒုတိယထပ်ကနေ ထွက်လာရတာလဲ?..စာရင်းဌာနမှာ တစ်ခုခုဝင်စစ်စရာရှိလို့နေမှာပေါ့လေ..'
ဇွဲလေး၁ယောက် သူ့ဘာသာ မေးခွန်းထုတ်လိုက် သူ့ဘာသာဖြည့်တွေးလိုက်နဲ့အလုပ်ရှုပ်နေသည်..
-ဟွန့်..ဒင်းတို့ကြောင့် ငါ့မှာ ရိုးရိုးလှေကားကနေ ဆင်းရပြီ..အလျင်လိုနေပါတယ်ဆိုမှပဲ..-
ဒီလိုနှင့် ဇွဲလေး Companyအပေါက်ဝ ရောက်မှ သတိတစ်ခုရသွားသည်က...
-ဟင်! ငါအလျင်စလိုထွက်လာခဲ့မိတာ ဟိုဆွဲကြိုး ငါ့အလုပ်စားပွဲပေါ်ကျန်ခဲ့ပီ-
-သေစမ်း..ဇွဲလေးရေ..-
ဇွဲလေး သူ့နှဖူးသူပြန်ရိုက်ကာ Companyထဲအပြေးအလွှားပြန်ဝင်ရင်း ဓာတ်လှေကားမှတဆင့် ဌာနရှိရာသို့....ဒုတိယထပ်ရောက်တော့ ဓာတ်လှေကား မှအထွက် တဖက်နံရံထောင့်ချိုးတွင် ခေါင်းငိုက်စိုက်ချလျက် ထိုင်နေသော CEOကိုတွေ့သောအခါ ဇွဲလေး ရုတ်တရက် လန့်သွားလေသည်..
-ဟင်!!နေ..-
ခြေကိုခပ်ဖွဖွနင်းကာ တဖြည်းဖြည်းရှေ့ဆက်တိုးသွားကြည့်သည်..
နေရဲ ကတော့ ဇွဲလေး ရောက်နေတာ သတိထားမိပုံမပေါ်..-နေ..နေ ငိုနေတာလား..- ဇွဲလေး တွေးရင်း နေရဲ လက်ဆီအကြည့်ရောက်သွားတော့ သွေးတွေ...
"နေ..အဲ့..C C CEO ... CEO ဘာဖြစ်လို့လဲ.."
ဇွဲလေး စိတ်ပူသွားကာ အပြေးအလွှားသွား၍ နေရဲ ရှေ့တွင်ဒူးထောက်ထိုင်ချလျက် မေးမိသည်...
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......