Part_9{Uni: & ZG}

2.5K 116 13
                                    

📣{At the end of Unicode font, you can read with ZawGyi Font.}😘
____________________

🔔🔔🔔Unicode🔔🔔🔔

ဇွဲလေး မန်နေဂျာဦးမင်းသူနှင့်အတူ စာရင်းဌာနကိုရောက်လာတော့...

"ဟာ.ဂျာကြီး ဒီကိုဘာကိစ္စ? ဟင်..bro
ကရော? "
အခန်းထဲကမ၀င်ရသေးဘူး..အခန်းပေါက်၀မှာတင် ဟိုစပ်စုစိန်နဲ့လာတွေ့ပြန်ပြီ..

"အော်..ဒါက မောင်ဇွဲသူရိယ တဲ့..ဒီနေ့ကစပြီးစာရင်းဌာနမှာ အလုပ်သင်ဆင်းမှာ.ကူညီပေးလိုက်ပါဦး.."

"ဟုတ်ကဲ့..ဂျာကြီး..စိတ်ချ ပါ.."
ဂျာကြီးပြောပြီးပြန်ထွက်သွားလေသည်..ခွန်ကောင်းဆက် က တော့စတင်စပ်စုလေပြီ..

"broဇွဲ ကိုမနေ့ကလည်းတွေ့မိပါတယ်.တခြားဌာနမှာဆိုပြီး ဘာလို့ ဒီနေ့စာရင်းဌာနကိုပြောင်းလာတာလဲ..ဟိုဘက်မှာဘာပြဿနာဖြစ်ခဲ့လို့လဲ.."

"ဘာပြဿနာမှမဖြစ်ဘူး..ဒုဥက္ကဌပြောင်းခိုင်းလို့ပြောင်းလာတာ!ရှင်းပြီလား" ဇွဲလေး စိတ်တိုတိုနဲ့ ပြောလိုက်မိသည်...

"အာ.broကလည်းစိတ်ကြီးပဲ..လာ လာ..ကျနော်တို့ဌာနကအဖွဲ့မှူးအခန်းထဲမှာရှိတယ်.."

ဇွဲလေး လည်း အဖွဲ့မှူးရှိရာဆီလိုက်သွားလိုက်သည်..

အဖွဲ့မှူးက ဇွဲလေး လုပ်ရမယ့် တာ၀န်တွေကိုပြောပြလေသည်..

စာရင်းဌာနတွင် ဇွဲလေးတို့အလုပ်သင်၂ဦးရယ် ၊ စာရေးကြီးရယ် ၊ Senior Accountantအန်တီကြီး၂ဦးရယ် ၊ အဖွဲ့မှူးရယ်နှင့် စုစုပေါင်း၆ယောက်သာရှိသည်...

ခါတိုင်း Senior accountant ၂ဦးတည်းနှင့်အဆင်ပြေသော်လည်း ခုလုပ်ငန်းအသစ်တွေတိုးချဲ့မှာဖြစ်သည့်အတွက် ၀န်ထမ်းတွေထပ်မံခေါ်ယူခြင်းဖြစ်သည်...

ဇွဲလေး ပေးထားသောတာ၀န်များကိုလုပ်နေရင်း..

"ကဲ..နေ့လည်စာစားချိန်ရောက်ပြီ..ခဏနားကြမယ်.."
အဖွဲ့မှူး၏အသံကြားတော့ ဇွဲလေး ပျော်သွားလေသည်..ခွန်ကောင်းဆက် ကတော့အလုပ်ခုံကနေ ချက်ချင်းထကာ..

"Bro.ထမင်းချိုင့်မပါဘူးမဟုတ်လား.ကျနော်နဲ့အတူ ဟိုဘက်နားက ဘူဖေးဆိုင်မှာသွားစားရအောင်"
ဘူဖေးဆိုတော့ ဇွဲလေးမျက်လုံးများအရောင်လက်လာသည်..

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားOnde histórias criam vida. Descubra agora