Part 1

3.6K 155 8
                                    

ဒုန်းးးးးးဒုန်းးးးဒုန်းးးးး
ရှောင်ကျန့်တစ်ယောက် မီးဖိုချောင်ကို ဆင်းလာပြီး ထမင်းချက်နေတဲ့ ရှောင်မားကို သွားဖက်သည်။

"Morning မား "
" အင်း မားပြီးတော့မယ် စားပွဲမှာသွားထိုင်စောင့်နေတော့ "
"ဟုတ်မား "

ရှောင်ကျန့်လည်း ပြောပြီး ထမင်းစားစားပွဲမှာ သွားထိုင်စောင့်နေလိုက်သည်။ခဏနေတော့ ရှောင်မား ရဲ့ပြီးပြီဆိုတဲ့အသံကြောင့် ထသွားပြီးဟင်းတွေယူ ပြီးပြန်လာခဲ့သည် ။
မနက်စာစားနေတုန်း ကျိုးချန် ကအိမ်ထဲကိုဝင်လာ‌တော့ရှောင်မားက

"သား အားချန် ထမင်းလာစားလေ "
"ရတယ် အားရီ ကျွန်တော်စားခဲ့ပြီးပြီ ရှောင်ကျန့်မြန်မြန်လုပ်နောက်ကျတော့မယ် "

ကျိုးချန်လည်း ထမင်းစားနေတဲ့ သူငယ်ချင်းကို အမြန်ပြောရသည် ။ရှောင်ကျန့်လည်းအမြန်စားပြီး မားကို နှုတ်ဆက်ကာနှစ်ယောက်သားစက်ဘီးလေးနှင့်ထွက်လာခဲ့တော့သည် ။

ဒီနေ့က ရှောင်ကျန့်တို့ ပထမဆုံးကျောင်းဖွင့်ရက်ပေါ့ ။ထို့ကြောင့် စောစောလာရသည် ။ ရှောင်ကျန့်က မားနဲ့အတူနေသည်။ ။ပါးနဲ့မားက ရှောင်ကျန့်ငယ်ငယ်ထဲက ကွာရှင်းကြပြီးသား။ပါးက နောက်မိန်းမယူပြီး မားကိုထားခဲ့သည်မှာသူ့မျက်စိရှေ့တင် ။မားက ရှောင်ကျန့်ကို ငယ်ငယ်တည်းကတစ်ယောက်တည်း ရုန်းကန်ပြီး ပြုစုစောင့်ရှောက်ခဲ့တာ အခု ၁၈ နှစ် အရွယ် တက္ကသိုလ် ကျောင်းသားကြီးပေါ့။

တစ်ခါတစ်လေတော့လည်းရှောင်ကျန့်တွေးမိပါသည် ။ပါးက မားကို မချစ်ဘဲ ဘာကြောင့်လကိထပ်ခဲ့တာလဲလို့ပေါ့။ရှောင်ကျန့်ကတော့ ဆုံးဖြတ်ချက်ချထားပြီးသား မချစ်ဘဲနဲ့လက်မထပ်ဘူး။ကြားထဲက မြေစာပင်ဖြစ်ခဲ့ရတဲ့သူ့လိုမျိုး သူ့ရဲ့ကလေးကိုမဖြစ်စေချင်လို့ပင်။

ပါးကအရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းလှသည်။ငယ်ငယ်လေးထဲကသူ့ကို တစ်ခါမှ ပြန်လာမကြည့်ခဲ့သလို။ရှောင်ကျန့်လည်း ပါးရဲ့ ရုပ်တောင်မမှတ်မိချင်တော့‌ပေ။

မားကလည်းခေါင်းမာသည်။ ပါးနဲ့ကွာရှင်းပြီးကတည်းက ပါးအကြောင်းကိုလုံးဝမပြောသလို ပါးရဲ့ဓာတ်ပုံလေးတစ်ခုက်ိုတောင်သိမ်းမထားခဲ့ဘူး။ရှောင်ကျန့်လည်းပါးအကြောင်းမမေးချင်တော့ပါ။ သူမေးလိုက်၍မားစိတ်ဆင်းရဲသွားမှာမျိုးမလိုလား‌၍ပင်။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now