Part 6

1.1K 77 9
                                    

ဝမ်ရိပေါ်နှင့်ရှောင်ကျန့် တို့နှစ်ယောက်တိတ်ဆိတ်စွာလာရာမှ

" ကော ဘယ်ကိုအရင်သွားချင်လဲ "

" ကစားကွင်းကိုသွားကြမလား "

" ကလေးလည်း မဟုတ်ဘဲ ဘာလို့ကစားကွင်းကြီးလဲ "

" မောင်ကလည်း ကစားကွင်းကကလေးတွေဘဲ သွားကြတာမှမဟုတ်တာ အတွဲတွေလည်း သွားကြတာဘဲ "

"အော် ဟုတ်ပါပြီ ပြီးရင်ကော ဘယ်ကိုသွားကြမလဲ "

" အင်းး mall တစ်ခုခုကို လည်ကြမလား ပြီးတော့ ရုပ်ရှင်ကြည့်ကြမယ်လေ "

" ကောင်းသားဘဲ အဲ့လိုဘဲလုပ်ကြတာပေါ့ "

ဒီလိုနှင့် ပထမဆုံး ကစားကွင်းသို့ရောက်ခဲ့ကြတော့သည်။‌ေနအရမ်းကြီးမပူသလို မိုးအုံ့နေတာမျိုး ည်းမဟုတ်တော့ ပတ်ဝနးကျင်ကသာသာယာယာပင် ။ကလေးတွေလည်းအများလာကြသလိုသူတို့လို အတွဲတွေလည်းတွေ့ရသည်။တစ်ချို့လူတွေကတော့သူတို့နှစ်ယောက်ကို ထူးဆနိးသ ိုကြည့်နေကြသ ်။လက်တွဲပြီးရောက်ချလာတာကိုး။ဒါပေမယ့်ဂရုမစိုက်ဘဲတွေ့သမျှ ကစားစရာတွေကိုသာ လိုက်ကစားကြတာ ကလေးတွေလိုပင် ။

" မောင် ‌ခဏနားကြရအောင်လား ကောဗိုက်ဆာလာပြီ "

" အင်း ဒီနားက ဆိုင်တစ်ခုခုမှာဝင်စားကြတာပေါ့ "

အနီးအနားက စားသောက်ဆိုင်လေးအတွင်းသို့ ဝင်ကာ နှစ်ယောက်သား ဗိုက်ဖြည့်ခဲ့ကြသည်။ပြီးတော့ တစ်ဖန် လျှောက်လည်ခြင်းအစီအစဉ်သို့

" မောင် ရေခဲမုန်စားချင်တယ် စတော်ဘယ်ရီ နော် "

ရေခဲမုန့်ဆိုင်သို့ဝင်ကာ ချောကလက်နဲ့ စတော်ဘယ်ရီအရသာ ဝယ်ခဲ့လိုက်လေသည်။

" မောင် ဒီကိုလာ "

ဘယ်ကနေ ရှာထားမှန်းမသိ ကောက ခုံတန်းလေးပေါ်မှာထိုင်ကာ ခေါ်တော့ သွားထိုင်လိုက်ကာ

" ကော ပင်ပန်းနေပြီလား "

" မပင်ပန်းပါဘူးမောင်ရဲ့ ကောက ပျော်တောင်ပျော်သေး "

" မောင်လေ ကောနဲ့ဒီလိုလေး တစ်သက်လုံးအတူရှိနေနိုင်သွားချင်တယ်ကော "

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now