Part 24 ( ဇာတ်သိမ်းပိုင်း )

3.2K 106 10
                                    

( Zawgyi )

နေမမြင့်တစ်မြင့်အချိန်လေး ပတ်ဝန်းကျင်မှာတော့ တိတ်ဆိတ်နေလျှက်ပေါ့။လေလေးတွေတဖြူးဖြူးတိုက်ခတ်နေကာ အေးချမ်းသယောင်ထင်ရပေမယ့် နေရာလေးကတစ်ကယ်တော့ အကျည်းတန်ပြီး ဝမ်းနည်းစရာကောင်းတဲ့နေရာလေးတစ်ခုပေါ့ကွယ်။ဘယ်လောက်ဘဲပတ်ဝန်းကျင်က ရာသီဥတုလေးကအေးချမ်းနေပါစေ မြင်နေရတဲ့အုတ်ဂူဖြူဖြူလေးတွေကတော့ စိတ်မချမ်းမြေ့စရာပါ။

ထိုအထဲကအုတ်ဂူဖြူဖြူတွေထဲကတစ်ခုရဲ့ရှေ့မှာတော့ ဝမ်ရိပေါ်တို့သားအဖသုံးယောက်ရပ်နေကြသည်။အမွှာလေးနှစ်ယောက်မှာ တႏွစ္ႏွစ္ေကျာ်အရွယ်ရောက်နေလေပြီ။ဝမ်ရှောင်ရိ နှင့် ဝမ်ရှောင်မေ့ ဆိုတဲ့မောင်နှမနှစ်ယောက်မှာ လုံးလုံးလေးနှင့် ချစ်ဖို့ကောင်းမှုကြောင့် လူတိုင်းရဲ့ချစ်ခြင်းကိုရရှိလေသည်။အခုချိန်မှာတော့ ကလေးလေးနှစ်ယောက်မှာလည်း အုတ်ဂူလေးရဲ့ရှေ့တွင် ငြိမ်သက်စွာထိုင်နေလျှက်ဖြင့်။

" ကော မောင့်ကိုလိမ်တယ် ပြောတော့ မထားခဲ့ပါဘူးဆို မောင်ထားခဲ့ရင်တောင်မှ ကောကမောင့်ကိုမထားခဲ့ဘဲ အမြဲချစ်မှာပါဆို အခုတော့ မောင့်ရဲ့ဘေးနားမှာမရှိပေးနိုင်ဘူးပေါ့ "

စကားဆုံးသောအခါတွင်တော့ ဝမ်ရိပေါ်ရဲ့ နားရွက်တစ်ဖက်တော့လေပေါ်ကိုမြောက်တက်သွားခဲ့ပါသည်။မှန်ပါသည်။လိမ်ဆွဲခံလိုက်ရခြင်းပါ။

" ဝမ်ရိပေါ် ဒီလိုနေရာမျိုးမှာဘယ်လိုတွေပြောနေတာလဲ ငါကားပေါ်ကပစ္စည်းလေးသွားယူနေတာကို ဘယ်လိုတွေတောင်ဖြစ်ပျက်နေတာလဲ "

" ဟီး မောင်ကလေ တစ်ကယ်လို့ကောသာ အဲ့နေ့တုန်းကပြန်မလာရင် ဒီလိုဖြစ်နေမှာဘဲတွေးမိသွားလို့ပါ "

" ကြံကြံဖန်ဖန်တွေ တွေးလည်းတွေးတတ်တယ် ကဲအမြန်လုပ်လေ မားကိုနှုတ်ဆက်ရအောင် "

ထိုအခါမှ လာရင်းကိစ္စကိုလုပ်ကြရတော့သည်။အားလုံး ချောင်ဇီယွမ် ဆိုတဲ့ ကမ္ဗည်းထိုးထားတဲ့ ဝမ်ရိပေါ်မား အုတ်ဂူရှေ့တွင် ဂါရဝ ပြုကြသည်။ကလေးနှစ်ယောက်ကိုတစ်ယောက်စီပွေ့ကာ ဖြင့် ။

" မား အခုမှရောက်လာလို့ တောင်းပန်ပါတယ် မားကို သားမိသားစုနဲ့မိတ်ဆက်ပေးချင်လို့ မားသိလား အခုဆိုသားမှာ အရမိးကိုကောင်းတဲ့အိမ်ထောင်ဘက်နဲ့ ချစ်စရာကောင်းတဲ့ကလေးလေးနှစ်ယောက်လည်းရှိနေပြီ "

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now