Part 2

2K 117 4
                                    

ဝမ်ရိပေါ်ထွက်သွားသည်နှင့် ရှောင်ကျနိ့တို့လည်း ဟိုက်ခွမ်းကို နှုတိဆက်ကာ ကျောင်းဆေးခန်းသို့ ရောက်လာခဲ့ကြတော့သည်။

"ဘာမှကြီးကြီးမားမားမထိခိုက်သွားလို့တော်သေးတယ်‌ေခြ‌ေခါက်သွားရုံ‌လေးဘဲ နောက်ဆိုပိုဂရုစိုက်နော် "

"ဟုတ်ကဲ့ "

ဆရာဝန်မလေးရဲ့ စကားကိုနှစ်ယောက်စလုံးခေါင်းညိမ့်ကာ စာသင်ခန်းဆီသို့ထွက်သွားကြတော့သည်။ဒီလိုနှင့်အခန်းထဲရောက်တော့နောက်ဆုံးခုံတွင်ထိုင်နေသည့် ရိပေါ်အား ရှောင်ကျန့်သတိထားမိသွားကာ

"ကျန်းချန် ဟိုး နောက်ဆုံးမှာ နေရာလွတ်တယ် အဲ့မှာထိုင်ရအောင် "

ကျန်းချန်ကတော့ ရှေ့မှာနေရာလွတ်ရှိရက်နဲ့ နောက်ဆုံးမှာမှ သွားထိုင်ချင်သည့် သူငယ်ချင်းလေးကိုနားမလည်နိုင်။ဒါပေမယ့် မပြောတော့ပါဘူးလေ ။

ရှောင်ကျန့် ရိပေါ်နားက ခုံမှာထိုင်ကာ

"ဟဲလို ဝမ်ရိပေါ် "

အကြည့်လေးတစ်ချက်သာ ပေးလျက် စာအုပ်ကို ပြန်ငုံ့ကြည့်နေသည်။ဒီလိုပါဘဲ ဝမ်ရိပေါ်ဆိုတာ ချေစရာမရှိ crush ကိုတောင်ချေတဲ့အမျိုး။

ရှောင်ကျန့်လည်းရိပေါ်ဆီမှ စကားမလာ၍ ဘေးကကျိုးချန်ကိုပြောလိုက်သည်။

"ဟေ့ကောင် ကျိုးချန် ဝမ်ရိပေါ်က စကားမပြောတတ်ဘူးထင်တယ် ဒီမနက်ထဲကနေ ငါသူစကားပြောတာ မကြားဖူးသေးဘူး "

"အေးကွာ ရုပ်ကလေး ချောရက်နဲ့ "

ရှောင်ကျန့်တို့နှစ်ယောက်ရိပေါ်မကြားဘူးအထင်နှင့် တီးတိုးတီးတိုးပြောနေကြသည်။ကြားနေရသည့် ရိပေါ်မှာတော့ စိတ်ထဲတွင်ရယ်ချင်နေသော်လည်း အပြင်ဘက်တွင်တော့ ပကတိတည်ငြိမ်လျက် ။

"အဟမ်း အဟမ်း "

သူကြားတယ်ဆိုတာသိစေဖို့ ရိပေါ် ချောင်းဟန့်လိုက်သည်။ထိုအချိန်မှ လှည့်လာကာ သွားကြီးဖြီးပြီး ရယ်ပြလေသည်။'ဘယ်လိုရုပ်လေးလဲကွာ ချစ်စရာလေး '
ရိပေါ်ရဲ့မျက်နှာကတော့ အတွေးလေးတွေနဲ့မလိုက်ဖက်စွာ တည်ငြိမ်မြဲ။ထိုချိန် ဆရာဝင်လာသဖြင့် အားလုံးတိတ်ဆိတ်သွားကြသည်။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now