Part 8

1.1K 73 4
                                    

စိတ်ပျက်စရာနေ့လေးတစ်နေ့တော့ ကျော်လွန်သွားခဲ့ပြီ။ကျိုးချန်တစ်ယောက်ဆေးရုံမှာရှောင်ကျန့်ကိုဝင်တွေ့ကာ ကျောင်းသို့ချီတက်ခဲ့သည်။ကျောင်းရောက်တော့ တွေ့ပါပြီ ။သူ့ရဲ့ အသစ်ဆက်ဆက်ချစ်သူကို။ပုံမှန်အားဖြင့်တော့ မနေ့တစ်နေ့ကမှချစ်သူစဖြစ်သည့်သူတိုင်းကိုယ့်ချစ်သူ‌နဲ့ဆုံရင်ကြည်နူးမိကြမှာပေမယ့် ကျိုးချန်အတွက်ကတော့ မကြည်နူးနိုင်ပေ။

" ‌မောနင်း ဘေဘီ "

ကျိုးချန် ဟိုက်ခွမ်းအနားကိုသွားကာ

" ဒီမှာ ဝမ်ဟိုက်ခွမ်း ခင်ဗျားညီက ကျွန်တော့သူငယ်ချင်းအပေါ် ဘာအချိုးချိူးသွားတာလဲ "

" ဘေဘီ ဘာတွေပြောနေတာလဲ ကိုယ့်ညီက ဘာဖြစ်လို့လဲ "

" ဟက် မသိချင်ယောင်ဆောင်နေတယ်ပေါ့ "

" ကိုယ် တစ်ကယ်ကိုမသိတာပါ ဘေဘီရယ် ဘေဘီအခု ဘာလို့ဒေါသထွက်နေတာလဲ "

ဟိုက်ခွမ်းနားမလည်နိုင် ။သူ့မှာတော့ အသစ်ဆက်ဆက်ချစ်သူရပြီးနောက်တစ်နေ့မှာဘဲ အလုပ်အတွက်ခရီးသွားရတော့ ဗြုန်းစားကြီး။ပြီးတော့ သွားရတာက နယ်ဘက်ဆိုတော့ချစ်သူကိုအကြောင်းကြားချင်ပေမယ့် လိုင်းကမမိပြန်တော့ ဆက်လို့မရ။အခုတော့ ရောက်တာနဲ့ ချစ်သူကိုတွေ့ချင်ဇောနဲ့ အပြေးလာတော့ သူနားမလည်နိုင်တဲ့ အကြောင်းအရာတွေနဲ့ စွပ်စွဲခံနေရပြန်သည်။

" ဘေဘီ ကိုယ်တစ်ကယ်မသိတာပါ ကိုယ့်ကို ပြောပြပါလား "

ကျိုးချန်လည်းဟိုက်ခွမ်းမှာတစ်ကယ်ကိုပင်ဘာမှမသိသည့်ပုံပေါ်နေသည့်အတွက်

" ခင်ဗျားတစ်ကယ်ဘာမှမသိတာလား "

" တစ်ကယ်ပါကွာ ကိုယ်လည်း အခုမှခရီးကပြန်ရောက်တာ ရောက်တာနဲ့ဘေဘီဆီကိုဘဲတန်းလာတာ ဘေဘီက ကိုယ့်ကို အမောဆို့အောင်လုပ်တယ် "

" အင်းပေါ့ တစ်ကယ်ဘာမှမသိဘူးဆိုတော့လည်းပြောပြရတာပေါ့ "

ကျိုးချန်လည်းဟိုက်ခွမ်းကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။ဒါကို နောက်မှာရောက်နေတဲ့ လီရှင်းဇီကလည်းအစအဆုံးကြားသွားကာ

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now