Part 20

1.4K 68 2
                                    

( Zawgyi )

အလိမ်အညာတွေနဲ့တည်ဆောက်ထားတဲ့ချစ်ခြင်းထဲမှာ စိတ်ပူပန်မှုများစွာပါဘဲ။တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းမှုမရှိတဲ့အခါ ဝေးကွာဖို့လမ်းစဖြစ်လာခဲ့တယ်။ရှောင်ဟွားလည်း ကုမ္ပဏီမှာအစွမ်းကုန်ကြိုးစားနေရသည်။သူ့ရဲ့မားလက်ထက်ကတည်းကတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကိုသူအဖတ်ဆယ်ရမည်။ထွက်ခွာတော့မည့်ရှယ်ယာရှင်များကိုပြန်လည်စည်းရုံးရေးဝင်ရသည်။

ဝမ်ကုမ္ပဏီနဲ့ပူးပေါင်းမှုကတစ်ကယ်အကျိုးဝင်သည်။ဝမ်တို့ရဲ့ကူညီမှုကြောင့်လည်းနည်းနည်းတော့ထူထူထောင်ထောင်ဖြစ်လာသည်။ဒီအတောအတွင်း သူတို့တွေလည်းမတွေ့ဖြစ်ကြ။ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ကတော့ အမြဲတမ်းလိုလိုတွေ့ဖြစ်ကြသည်။အခုတော့ရှောင်ကျန့်တို့အိမ်တွင် တစ်ခုခုလုပ်စားကြရန်ဈေးဝယ်ထွက်လာကြသည်။ဈေးပတ်ကာ ဈေးခြင်းထဲကြိုက်တာလိုက်ထည့်နေသော ဝမ်ရိပေါ်ကို ရှောင်ကျန့်တားရသည်။ဒီလိုသာလျှောက်ထည့်နေလို့ကတော့ မွဲရချည်ရဲ့။

ဈေးပတ်ဝယ်ရတာကလည်းတစ်မျိုးတော့စိတ်လှုပ်ရှားပြီးပျော်စရာကောင်းသား ။အခုချိန်မှာ တစ်ခြားကိစ္စတွေကိုစိတ်ထဲမထည့်ဘဲ လက်ရှိမှာဘဲပျော်မွေ့လိုက်ချင်သည်။သူတို့ဈေးဝယ်ထွက်နေချိန်အိမ်မှာတော့ အခြားသူများက ရှောင်မားကိုအဖော်ပြုကာ စကားတွေဖောင်ဖွဲ့နေကြလေသည်။ရှောင်ကျန့်ရဲ့ငယ်ဘဝပုံရိပ်များကိုမှတ်တမ်းတင်ထားသည့် ဓာတ်ပုံ album လေးများကိုဖွင့်ကြည့်ကာ တစ်ယောက်တစ်ခွန်းပွက်လောရိုက်နေလေသည်။

ရှောင်ဟွားသတိထားမိသလောက် ရှောင်ကျန့်နှင့် ရှောင်မားပုံများသာဖြစ်ပြီး ရှောင်ကျန့်ရဲ့ အဖေဖြစ်သူရဲ့ ပုံလေးတစ်ပုံမှပင်မပါပေ။သိချင်စိတ်ဖြင့်မေးလိုက်မိသည်။

" အားရီ ရှောင်ကျန့်ကောကောရဲ့ ပါးပါး ပုံတွေမတွေ့ဘူးနော် ဘာဖြစ်လို့လဲဟင် "

မေးမိလိုက်သည့် ပါးစပ်ကိုဖြတ်ရိုက်ချင်စိတ်ပေါက်သွားမိသည်။။ဘာဖြစ်လို့လဲဆိုတော့သူမေးလိုက်သည်နှင့်ပြုံးရိပ်သန်းနေသည့် မျက်လုံးလေးများကချက်ချင်းအေးစက်သွားသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။သူမမေးသင့်တဲ့မေးခွန်းတစ်ခုကိုမေးလိုက်မိတာဘဲ။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now