Part 5

1.2K 75 8
                                    

ရှောင်ကျန့်ဒီနေ့တော့ နောက်ကျမှအိပ်ယာထဖြစ်သည်။မနေ့ညက မောင်နှင့်စကားအများကြီးပြောပြီး ညနက်သွားလို့ဖြစ်မည်။အမြန်ထပြီးကျောင်းသွားဖို့ပြင်ဆင်ကာ အောက်ဆင်းလာတော့

"ကျန့်ကျန့် လာမနက်စာလာစားတော့ မားပြင်ထားပြီးပြီ "

"ဟုတ် မားကအရမ်းချစ်ဖို့ကောင်းတာဘဲ "

"မဟုတ်တာတွေ ဒီမ‌နက်မှ ထူးထူးဆန်းဆန်း "

ရှောင်ကျန့် မားကို သွားဖြီးပြီးသာ ရယ် ပြလိုက်သည်။စားပြီးတော့ ကျောင်းသွားဖို့ မားကိုနှုတ်ဆက်ကာထွက်လာတော့ ကျိုးချန်နှင့် ဆုံသည်။

" Morning ကျိုးချန် သက်သာသွားပြီပေါ့ "

"အေးကွာ ငါက မနေ့ညကမင်းပြောတာမယုံလို့ ဒီနေ့ကိုယ်တိုင်လာကြည့်တာ "

" ကြည့်လိုက်စမ်းပါ "

ရှောင်ကျန့်နဲ့ ကျိုးချန် စကားပြောရင်းနှင့် ကျောင်းရောက်လာကြသည်။ကျောင်းရှေ့မှာ ထုံးစံအတိုင်း စပ်ဖြဲဖြဲနဲ့ဟိုက်ခွမ်းကော

" ဟိုမှာမင်းလူကြီး လာနေပြီ စကားပြောလိုက်အုံး ငါသွားနှင့်ပြီ "

ရှောင်ကျန့်ပြောကာ လှည့်ထွက်လာခဲ့သည်။မောင့်ကိုတွေ့ချင်နေပြီ။အခန်းထဲဝင် လာတော့ ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေကာစာကြည့်နေသည့် သူ့ချစ်သူလေး ။သူ့ကိုကြည့်ကာ ပြုံးပြသည်။

ရှောင်ကျန့်လည်းသူ့နေရာကိုဝင်ထိုင်ကာ စားပွဲပေါ်ကြည့်လိုက်တော့ ဖျော်ရည်ဘူးလေး ။ကြည့်ရတာ သူ့ချစ်သူလေးထားထားတာနေမှာ ။ကြည်နူးစိတ်လေးနှင့် မောင့်ကိုခေါ်လိုက်မိသည်။

"မောင် "

"ဟင် ပြောလေ ကောရဲ့ "

"ဒါမောင်ထားထားတာလား "

"အင်း ဟုတ်တယ် ဘာလဲ မကြိုက်လို့လား မောင်နောက်တစ်ခုထပ်ဝယ်ပေးမယ်လေ "

"ဟင့်အင်း အရမ်းကြိုက်တယ် မောင်ပေးသမျှအကုန်ကြိုက်တယ် "

နာကျင်စရာတွေအပါအဝင်ပေါ့။သို့သော်ထိုစကားကိုတော့သူထည့်မပြောခဲ့ပါ။ပြုံးကာပြောနေသော ကောကိုကြည့်ကာ ဝမ်ရိပေါ်လည်းထပ်တူဝမ်းသာရသည်။ဒီလောက်ချစ်စရာကောင်းတဲ့ကောရဲ့ချစ်သူက သူမဟုတ်လား ။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now