Part 11

1.2K 81 7
                                    

ဆန္ဒနဲ့လက်တွေ့က တစ်ထပ်တည်းမကျနိုင်တဲ့ အခါ ရွေးချယ်ခွင့်တွေတစ်ကယ်မရှိတော့ဘူးလား။

ဝမ်ရိပေါ်နှင့်ရှောင်ဟွား တို့ ဒီနေ့မှာတော့ စာတမ်းပြုစုဖို့ရာ စာကြည့်တိုက်သို့အတူလာခဲ့ကြသည်။ဝမ်ရိပေါ် ရှောင်ဟွားနှင့်ခင်ခဲ့တာ လပိုင်းလောက်ရှိခဲ့ပြီ။

ရှောင်ဟွား (huā = 花 =flower ) နာမည်နှင့်လိုက်အောင်ပင် ပန်းကလေးတစ်ပွင့်လိုလှပသည်။သူမကိုကြိုက်သည့် ယောက်ျားထုတွေတစ်ပုံကြီးရှိနေပေမယ့် လင်ပေးစားရေးကိုသာစိတ်အားထက်သန်သောကြောင့်လင်ရမှာကြောက်၍   မည်သူမှလာမပြောရဲ​ေကြသူငယ်ချင်းဆို၍တစ်ယောက်မှမရှိခဲ့။ရှောင်ဟွားသာ။
ပွင့်လင်းသည်။စိတ်သဘောထားပြည့်ဝသည့်မိန်းကလေးတစ်ယောက်။သနားကြင်နာစိတ်ရှိသည်။စာတော်သည်။ထက်မြက်ငည်။တစ်ချိန်ကျရင်
ရှောင်ကုမ္ပဏီကိုဆက်ခံမည့်  အမျိူသမီး။လူတိုင်းအပေါ်ခင်မင်တတ်သည်။ထိုသို့ပြည့်စုံသည့်မိန်းကလေးမှာ အားနည်းချက်ဆို၍ ယောက်ျားလေးများကိုတွဲမြင်၍မရသည့် ဉာဉ်တစ်ခုရှိနေလေသည်။

ထိုအချက်ဖြင့်ပင် ယခုအချိန်ထိ ရည်းစားမရှိသူ။ဝမ်ရိပေါ်မှာစကားနည်းသူဖြစ်၍ ကျောင်းစတက်ချိန်တွင် သူငယ်ချင်းမရှိခဲ့။ရှောင်ဟွားသာ စကားလာမပြောခဲ့လျှင်ပေါ့။သို့သော် ဝမ်ရိပေါ်ဆိုတာ သူ့ကိုစကားလာပြောသည့်သူတိုင်းကို လက်ခံစကားပြောသည့်သူမှမဟုတ်တာ။ရှောင်ဟွားကိုလည်း အစက စကားသိပ်မပြောခဲ့ ။နောက်တော့ သူမမှာ သူသဘောကျရသည့်အချက်တွေတွေ့ရ၍သာ ခင်မင်ခဲ့ခြင်းဖြစ်သည်။ရှောင်ဟွားမှာ ဇွဲကောင်း‌လွန်းလှသည်။သူမစကားသွားပြောသည့်သူတိုင်းနှင့် သူငယ်ချင်းဖြစ်ခဲ့သော်လည်း ဝမ်ရိပေါ်မှာ ပြောရအခက်ဆုံးသူဖြစ်၍ သူမအတော်ပင်ကြိုးစားလိုက်ရလေသည်။အခုထိတောင်မှ အများကြီးပြောတာမဟုတ်။

ရှောင်ဟွားတစ်ယောက် စာကြည့်တိုက်ကအပြန်လမ်းမှာ ရေခဲမုန့်ဆိုင်မြင်၍ဝမ်ရိပေါ်အား အဖေါ်ညှိတော့သည်။

" ရိပေါ် ရေခဲမုန့်စားရအောင် "

" ‌မစားဘူး "

" ဟင် အေးပါ နင်မစားလည်း ငါ့ဟာငါဘဲ စားမှာပေါ့ သူများကဝယ်ကျွေးမယ့်ဟာကို သူ့ကိုဝယ်ကျွေးခိုင်းမယ်ထင်နေလားမသိ "

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now