Part 4

1.3K 87 13
                                    

"ရပ်လိုက်စမ်း "

ရှောင်ကျန့်တစ်ယောက်ကြားလိုက်ရတဲ့အသံကြောင့်နောက်လှည်းကြည့်လိုက်ရာ

"ဝမ်....ဝမ်ရိပေါ်  ဘယ်လိုလုပ်..."

ဝမ်ရိပေါ် တစ်ယောက်သူ့ကိုလာခေါ်တဲ့အိမ်က လူတွေကိုပြန်လွှတပြီးရှောင်ကျန့်ရှိရာကိုလိုက်လာခဲ့ပေမယ့်ရှေ့ကဖြစ်‌ေနတဲ့မြင်ကွင်းကိုမြင်လိုက်၍အမြန်တားလိုက်တယ်။
"မင်းတို့ ကျောင်းထွက်ချင်နေပြီထင်တယ် "

ဝမ်ရိပေါ်ဆီမှ အေးစက်စက်အသံထွက်လာတယ်။လီရှင်းဇီက

"ဝမိရိပေါ် မင်းနဲ့ဘာဆိုင်လို့လာပြောနေရတာလဲ "

" သူကမင်းတို့စချင်တိုင်းစရမယ့်လူမဟုတ်ဘူး ငါ့အပိုင် ကျောင်းမထွက်ချင်ရင် အခုချက်ချင်းပြန်တောင်းပန်လိုက် "

လီရှင်းဇီတို့သာမက ရှောင်ကျန့်လည်းအံ့ဩသွားခဲ့သည်။'ခဏက ဝမ်ရိပေါ်ဘာပြောလိုက်တာ ငါကသူ့အပိုင် ငါများနားကြားမှားနေတာလား ' ။ရှောင်ကျန့်ဇဝေဇဝါနဲ့ကြည့်နေတုန်း

"မင်းအပိုင်လို့ပြောရအောင် မင်းနဲ့သူကဘာဆိုင်လို့လဲ "

လီရှင်းဇီစကားကြားတော့ ဝမ်ရိပေါ်တစ်ယောက်တစ်ချက်ကြည့်လိုက်ပြီး ရှောင်ကျန့်ကိုဆွဲကာနမ်းလိုက်တော့သည်။ရှောင်ကျန့်လည်းမျက်လုံးများပင်ပြူးသွားရသည်။ 'အခုဝမ်ရိပေါ်ကသူ့ကိုနမ်းလိုက်တာလား အိုမိုရင်တွေခုန်လိုက်တာ ' ။

ဝမ်ရိပေါ်ရှောင်ကျန့်ကိုလွှတ်ပြီး

"ငါစကားတွေအများကြီးမပြောချင်ဘူး မင်းတို့အခုဘယ်ကျောင်းမှာတက်နေတယ်ဆိုတာကိုသတိရ ကျောင်းမထွက်ချင်ရင် အမြန်တောင်းပန်လိုက် "

ထိုအခါမှ လီရှင်းဇီတို့သဘောပေါက်ကာ တောင်းပန်ကြတော့သည် ။ဝမ်ရိပေါ်ရှောင်ကျန့်လက်ကိုဆွဲလျက် ထိုနေရာမှထွက်လာခဲ့တော့သည်။

ရှောင်ကျန့်လည်းဝမ်ရိပေါ်ဆီမှ လက်ကိုရုန်းကာ

"ဝမ်ရိပေါ် "

" ခဏကအပြုအမူအတွက်တောင်းပန်ပါတယ် "

ရှောင်ကျန့်နည်းနည်းတော့ဒေါသထွက်သွားသည်။လူကို နမ်းပြီးတောင်းပန်ရမယ်လို့သူ့ကိုဘယ် လဒကသင်ပေးလိုက်တာပါလိမ့်။ရှောင်ကျန့်ဘာမှမပြောဘဲ ဝမ်ရိပေါ်ကိုသာစိုက်ကြည့်နေလိုက်သည်။ဘာများပြောလာမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ။ဒါပေမယ့်ဝမ်ရိပေါ်မှာ ဘာမှမပြောဘဲခေါင်းငုံ့ချလိုက်တော့ သူလည်းမျက်နှာကိုတစ်ဖက်လှည့်ပစ်လိုက်သည်။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now