Part 14

1.2K 68 6
                                    

(Zawgyi)

" နင် .... ရှောင်ကျန့်ကောကောကိုကြိုက်နေတာမလား ..."

" ဘာ...ဘာတွေပြောနေတာလဲ ... ငါကဘယ်လိုလုပ် ...."

" သေချာလား"

" ဟမ် "

" သေချာလို့လား နင်မကြိုက်ဘူးဆိုတာ "

လီရှင်းဇီနှုတ်ဆိတ်နေမိသည်။သူမသိပါ။သူရှောင်ကျန့်ကိုချစ်လား။သူက ရှောင်ကျန့်ကိုအားနာစိတ်ဖြင့်လိုက်တွယ်ကပ်နေရုံသာ။ဒါပေမယ့်ဝမ်ရိပေါ် ပြန်ပေါ်လာတော့သူ့ရင်ထဲမှာအမျိုးအမည်မသိခံစားချက်တွေထွက်ပေါ်နေသည်။လက္ထဲကိုင္ထားတဲ့ခ်ိဳခ်ဥ္ေလးကိုဆုံးရှုံးရမှာကြောက်တဲ့ ကလေးငယ်လေးလို။ဘုရားရေ သူတစ်ကယ်ဘဲရှောင်ကျန့်ကိုချစ်နေတာလား။အရင်ကသူလုပ်ခဲ့တာကကော ရှောင်ကျန့်ကိုတောင်းပန်ခဲ့ရတာကိုမကျေနပ်လို့မဟုတ်ဘဲ ဆုံးရှုံးလိုက်ရမှာကြောက်တဲ့စိတ်နဲ့လား။

" ငါသွားတော့မယ် "

" ဟမ် ရှင်းဇီနေအုံးလေ ငါ့ကိုဖြေပေးသွားအုံးလေ "

လီရှင်းဇီအားလုံးကိုနှုတ်ဆက်ကာ

" ငါ အလုပ်ကိစ္စရှိလို့ပြန်နှင့်ပြီနော် "

ပြန်သွားလေပြီ။အခုတော့ရှောင်ဟွားလေးဘဲ တစ်ယောက်ထဲအတွဲတွေကိုထိုင်ကြည့်ရတော့မှာပေါ့။

ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ ရှောင်ကျန့်နှင့်ဝမ်ရိပေါ် ဆယ်ကျော်သက်လေးတွေလိုလျှောက်လည်ကြဖို့ စီစဉ်ထားသည်။

ဒါပေမယ့်သူတို့နှစ်ယောက်ကဆယ်ကျော်သက်တွေမဟုတ်တော့ဘူးလေ။ကစားကွင်းတွေသွားမနေတော့ဘဲ ပန်းချီပြခန်းလေးသို့ ဦးတည်ခဲ့ကြသည်။

ရှောင်ကျန့်ကဝမ်ရိပေါ်ကို သူဆွဲထားတဲ့ ပန်းချီလေးတွေတှေ့ရငျပွသညျ။ လွမ်းဆွေးမှုတွေကိုဖော်ပြတဲ့ပန်းချီတွေပေါ့။ပန်းချီပြခန်းထဲကထွက်တော့ ရှေ့မှာရေခဲမှုန့်ဆိုင်လေးတွေ့တော့ အရင်ကအဖြစ်အပျက်တွေတွေကိုတွေးမိကာနှစ်ယောက်သားပြုံးမိကြပြန်သည်။ဝမ်ရိပေါ်တစ်ယောက်လည်းအကြံရကာ

" ကော ရေခဲမုန့်စားကြမလား "

" အင်းကောင်းတာပေါ့ ပူနေတာနဲ့အတော်ဘဲ "

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now