Part 7

1.1K 81 11
                                    

သာယာတဲ့မနက်ခင်းလေးတစ်ခုတော့ အစပြုခဲ့ပြန်ပြီ။ရှောင်ကျန်ပုံမှန်အတိုင်းဘဲ အိပ်ယာထတယ် ရေချိုးပြီး ကျောင်းသွားဖို့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်သည်။အောက်ထပ်ဆင်းလာတော့ ပုံမှန်အတိုင်းဘဲ မားကိုနှုတ်ဆက်ကာ မနက်စာစားလိုက်သည်။ကျိုးချန်လာခေါ်တော့ ကျောင်းအတူသွားကြသည်။အရာအားလူံပုံမှန်ဖြစ်နေခဲ့သည့် မနက်ခင်းလေးဟာ ကျောင်းရောက်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့သည်။

ကျောင်းကလူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့်နှင့် သူလည်းဘာဖြစ်နေသည်ဆိုတာမသိ ။ထို့ကြောင့် အားလုံးကိုလစ်လျူရှုကာကိုယ့်နေရာကိုယ်ဝင်ထိုင်တော့ မောင်က မရောက်သေး။ပုံမှန်တွေ့နေကျ မုန့်လေးတွေလည်းမတွေ့။မောင်ဒီနေ့ဘာကြောင့်နောက်ကျနေတာပါလိမ့်။

ထိုအချိန်မှာဘဲ အူယားဖားယားဖြင့်ကျိုးချန်တစ်ယောက်အတန်းထဲသို့ရောက်လာကာ

" ရှောင်ကျန့် "

" ဘာလဲကျိုးချန်ရာ အလန့်တကြားနဲ့ "

" ဝမ်ရိပေါ် ...သူ..."

" ဘာဖြစ်တာလဲ ကျိုးချန်ရာမောင်ဘာဖြစ်လို့လဲ "

" ဝမ်ရိပေါ် ကျောင်းမှာမရှိတော့ဘူးတဲ့ US ကိုကျောင်းသွားတက်ပြီတဲ့"

" ဟင် မဖြစ်နိုင်ပါဘူး သူသာသွားရင် ငါ့ကိုပြောမှာပေါ့ မဖြစ်နိုင်ပါဘူး ကျိုးချန်ရာ "

" ဖြစ်နိုင်မဖြစ်နိုင် ဖုန်းဆက်ကြည့်လေကွာ "

" အေး ဟုတ်သား "

ရှောင်ကျန့်ဖုန်းခေါ်ကြည့်လိုက်တော့ ' လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ခေါ်ဆို၍မရနိုင်ပါရှင် '။ရှောင်ကျန့်မယုံနိုင်ပါ ။မောင်ကထားခဲ့မှာမဟုတ်ပါဘူး ။ထပ်ခေါ်ကြည့်ပေမယ့် တုံ့ပြန်မှုက မပြောင်းလဲ။

" ကျိုးချန် မဟုတ်ပါဘူးနော် မောင်က ငါ့ကိုထားခဲ့မှာမဟုတ်ပါဘူး မနေ့ညကတောင် ငါနဲ့စကားပြောသေးတာ "

" ရှောင်ကျန့်ရာ ..."

ကျိုးချန်မှာ ငိုနေသည့်သူငယ်ချင်းကို ဘာလုပ်ပေးရမှန်းမသိ။သူလည်းမနှစ်သိမ့်တတ်။ဝမ်ရိပေါ်ရာ ရှောင်ကျန့်ကို ဘာလို့ ကစားသွားရတာလဲကွာ။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now