Part 9

1.1K 73 7
                                    

ကျိုးသခင်ကြီးမှာ စိတ်ပူတာကော ဒေါသထွက်တာကောပေါင်းကာ မျက်နှာတစ်ခုလုံးနီရဲနေလေပြီ။ကျိုးသခင်မကြီးနှင့် သခင်မလေးကတော့ အပေါ်ကိုတက်သွားချေပြီ။အခန်းထဲရောက်တော့ ရေချိုးခန်းမှာသတိလစ်နေတဲ့ ကျိုးချင်း။

အမြန်ပင် မိသားစုဆရာဝန်အားခေါ်ကာ ဆေးသွင်းရသည်။အဆင်ပြေသွားလျု့တော်ပါသေးရဲ့။

နောက်တစ်နေ့မှာတော့ဝမ်အိမ်တော်က လူတွေပါရောက်လာကာ

" ကျိုးသခင်ကြီး ဘယ်လိုဖြစ်ရတာလဲ အားချင်းကသူကျွန်တော့မယူချင်လို့တော့ မဟုတ်ပါဘူးနော် "

" မဟုတ်ပါဘူး ဝမ်သခင်လေးရယ် "

" ကျွန်တော် သိပြီးသားပါ အားချင်းကိစ္စကို ဒါပေမယ့် ကျိုးသခင်ကြီးက စေ့စပ်ကြောင်းလှမ်းတာကိုသဘောတူတယ်ဆိုလို့ ကျွန်တော်က အားချင်းလည်းလက်ခံခဲ့တယ်လို့ထင်တာ သူလက်မခံနိုင်တဲ့ကိစ္စကိုအတင်းမတိုက်တွန်းပါနဲ့ အားချင်းဘဲ ဒုက္ခပိုရောက်ရမှာ "

ဝမ်ချန်လင်တစ်ယောက် ကျိုးသခင်ကြီးကို ပြောကာ အပေါ်သို့တက်ခဲ့လိုက်သည်။ကျိုးချင်းအခန်းကို ဝင်ကာ ဆေးပိုက်တွေသွငိးထားရသော ချစ်ရသူလက်ကျု ငြင်ငြင်သာသာကိုင်ကာ

" အားချင်း ကိုယ့်ကိုဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးနော် အားချင်းမှာ ချစ်ရသူရှိနေလို့မလား ကိုယ်သူ့ကိုမနာလိုတယ်သိလား သူကဘယ်လောက်တောင် ကံကောင်းလိုက်သလဲ အားချင်းရဲ့အချစ်ကိုရထားတာ ကိုယ်ကတော့ အဲ့လိုကံကောင်းမှုမျိုးကို ဘယ်တော့မှ ရမှာမဟုတ်လောက်ဘူးနော် ကိုယ်သူ့ကိုတွေ့ဖူးချင်ပါရဲ့ "

" အားချင်းစိတ်ချပါ ကိုယ်အတင်းအကြပ်မလုပ်ပါဘူး အားချင်းသာပျော်မယ်ဆို ကိုယ်အသည်းကွဲခံလိုက်မယ် အားချင်းချစ်ရတဲ့သူနဲ့ အတူရှိနိုင်ဖို့ ကိုယ်နောက်ဆုတ်ပေးမယ် အားချင်းကို သိခဲ့ရတာကိုယ်ကပထမလူဆိုပေမယ့် နှလုံးရေးရာမှာတော့ ကိုယ်ကဒုတိယလူပေါ့ "

ရုတ်တရက်သူကိုင်ထားတဲ့ ကျိုးချင်းရဲ့လက်ချောင်းတွေလှုပ်လာတော့ဝမ်ချန်လင်ကျ‌ေနတဲ့မျက်ရည်တွေကို အမြန်သုတ်ကာ

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now