Part 10

1.3K 82 6
                                    

ဒဏ်ရာဆိုတာ အချိန်တန်ရင်ပျောက်သွားမယ်ဆိုတာ မှန်ပေမယ့် အမာရွတ်ကတော့ကျန်ခဲ့မှာဘဲလေ။

ရှောင်ကျန့်တစ်ယောက် ဆေးရုံကဆင်းတော့မည်ဖြစ်သောကြောင့် ကျိုးချန်တို့လာကြိုကြသည်။ရှောင်ကျန့်ဆေးရုံတက်နေတဲ့တစ်လျှောက်လုံး လီရှင်းဇီလာကြည့်ကာ အဖော်ပြုပေးသည်။အခုဆို တော်တော်တောင်ခင်မင်သည့်အဆင့်သို့ပင်ရောက်နေပြီဖြစ်သည် ။

" ရှောင်ကျန့် သွားရအောင် "

ဝမ်ဟိုက်ခွမ်းလာကြိုသည့်ကားဖြင့်အိမ်ကိုပြန်ခဲ့သည်။ အိမ်ရောက်တော့ အမေ့ကိုအရင်အိမ်ထဲသို့ဝင်ခိုင်းလိုက်ကာ ဟိုက်ခွမ်းကောကိုကြည့်လိုက်တော့ ဘာပြောမလို့လဲ ဆိုတဲ့ အနေနဲ့ မေးငေါ့ပြသည်။ကျိုးချန်လည်းကားထဲမှ ရှောင်ကျန့်ဘာများပြောမလဲဆိုပြီး စိတ်ဝင်တစား ကြည့်နေမိသည်။

" ဟိုက်ခွမ်းကော .... ဟိုလေ ...ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်လို့ ..."

" ပြောလေရှောင်ကျန့် ကောကူညီလို့ရရင်ကူညီမှာပေါ့ "

" ဟို ... ရိပေါ်ရဲ့ ဖုန်းနံပါတ်လေးပေးလို့ရမလား ပြီးတော့ဒီအကြောင်းကိုလည်းသူ့ကိုမပြောပါနဲ့ "

" ရပါတယ်ကွာ "

ကျိုးချန်လည်း တစ်ကယ်တမ်းပြောရရင် ရှောင်ကျန့်ကို မခံစားစေချင်တော့ဘူး။နေရင်းထိုင်ရင်း ပိုခံစားရမှာစိုးလို့ မပေးစေချင်ပေမယ့် သူဘာမှမပြောနိုင်ခင်မှာပင် ရှောင်ကျန့်ကတော့ မှတ်လို့ပြီးသွားခဲ့ပြီ။သက်ပြင်းသာချလိုက်မိတော့သည်။

" ကျေးဇူးဘဲနော် ဟိုက်ခွမ်းကော ကျိုးချန် ကောင်းကောင်းပြန်နော် ဘိုင့် "

ဟိုက်ခွမ်းတို့ကားလေး အဝေးကိုရောက်သွားသည်အထိကြည့်ပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။အပေါ်ထပ်အခန်းထဲသို့သာ တစ်ခါတည်းဝင်ခဲ့တော့သည်။ရှောင်မားမှာတော့ သားကိုကြည့်ရင်းခေါင်းရမ်းကာ မီးဖိုချောင်သို့ဝင်သွားတော့သည်။ညစာချက်ပြုတ်ရအုံးမယ်မလား။ ‌

ရေ အရင်ချိုးလိုက်သည်။ဆေးရုံမှာ တစ်ပတ်ကျော်ကြီးများတောင် နေခဲ့ရတာ တစ်ကိုယ်လုံး ညိစိစိဖြစ်နေ‌‌ေသာ‌ေကြာင့် ရေအရင်ချိုးဖို့ဆုံးဖြတ်လိုက်သည်။‌ေရချိုးပြီး‌ေတာ့ အခန်းထဲတွင် ဖုန်းကိုင်ကာ ထိုင်နေမိပြန်သည်။  အခန်းထဲတွင် ထိုင်လိုက်ထလိုက်ဖြင့်တစ်ယောက်ထဲယောက်ယက်ခတ်နေသည်။သူဖုန်းဆက်သင့်လား ၊မဆက်သင့်ဘူးလား ။ ဆက်လိုက်ပြန်ရင်လည်း မောင့်ဆီကအမုန်းစကားတွေကို နားထောင်ဖို့ခံနိုင်ရည်မရှိဘူး ။မောင်ကဘာကြောင့်သူ့ကိုမုန်းနေတာလဲ။ကောအကြောင်းကိုတောင်မကြားချင်တော့ဘူးဆိုတော့။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now