Part 3

1.5K 104 10
                                    

ကျောင်းတက်ရက်တွေကုန်ဆုံးလာသည်နှင့်အမျှ ရှောင်ကျန့်နှင့်ဝမ်ရိပေါ် အရမ်းရင်းနှီးလာပြီလားဆိုတော့ မဟုတ်ပါ ။သူတို့နှစ်ယောက်ဆက်ဆံရေးက ပုံမှန်တိုင်းသာ လည်ပတ်နေခဲ့ပါသည်။

တစ်ခုထူးခြားတာဆိုလို့ ဝမ်ရိပေါ်တစ်ယောက် crush နောက်ကို တိတ်တစ်ဆိတ်လိုက်တတ်လာတာပါဘဲ။ဒါကို တုံးတဲ့ ရှောင်ကျန့်ကလည်းမသိ။

ဝမ်ရိပေါ်မှာ ရှောင်ကျန့်ကို သဘောကျသော်လည်း သူ ချစ်လားဆိုတာတော့ မသေချာပေ။သူမွေးပြီးကတည်းက မားဆုံးသွားတာဖြစ်လို့ ပါးလည်း သူ့အတွက် အလုပ်ကိုသာဖိလုပ်တော့ သူ့ကို ဂရုစိုက်ချိန်သိပ်မရှိခဲ့ပေ။

အချစ်ဆိုတာဘာလဲဆိုတာတစ်ကယ်မသိဘူး ။ဒါပေမယ့်သူရှောင်ကျန့်ကို သဘောကျမိတာတော့ မှန်ပါသည်။မူလကိုက အေးစက်သူဖြစ်၍ ချစ်ကြောင်းကို ဘယ်လို ဖွင့်ဟရမယ်ဆိုတာတစ်ကယ် မသိ။

ရှောင်ကျန့်ကတော့ သူ့အပေါ်ကို သူငယ်ချင်းတစ်ယောက်လိုဆက်ဆံပေးပါသည်။ဒါပေမယ့် တစ်ကယ်တမ်းပိုထူးခြားတာကသူ့အကို ။နေ့တိုင်း ကျောင်းပို့ကျောင်းကြို နဲ့ လူကိုကလေးများထင်နေလားမသိ။

ကျောင်းရောက်ရင် ရှောင်ကျန့်သူငယ်ချင်း ကျိုးချန်ကိုဘဲလိုက်ရောနေတာ ဟိုက သူ့ကို အဖက်တောင်မလုပ်။တစ်ခါတစ်ခါဆို အော်ခံလာဪသေးတယ် ။ဒါလည်းပြုံးပြုံးဘဲ။

ဒီနေ့လည်းစောစောစီးစီးရောက်လာပြန်ပြီ။

"ခွမ်းကော အလုပ်တွေဘာတွေ မရှိဘူးလား နေ့တိုင်းကျွန်တော့ကို အကြိုအပို့လုပ်နေတာ အရမ်းအားနေတဲ့ပုံဘဲ "

ဝမ်ရိပေါ်အမြင်ကတ်ကတ်နှင့်ပြောလိုက်သည်။ဝမ်ဟိုက်ခွမ်းလည်း သွားဖြဲကာ

"အဟဲ ဝမ်လေးကလည်း ကောက ဝမ်လေးကို ချစ်လို့လေ ပြီးတော့ စိတ်မချလို့ပါ ကောကဝမ်လေးအတွက် အလုပ်တွေကို ထားခဲ့လည်းရတယ် ဝမ်လေးလုံခြုံဖို့က အဓိက "

မျက်နှာချိုသွေးကာပြောနေတဲ့ ခွမ်းကောကိုကြည့်ကာ မဆီမဆိုင် ကောကိုမြင်မိပြန်သည်။'ငါ့ရဲ့ကော သွားဖြဲပြရင်တော့ချစ်စရာကောင်းတာ ဒီ နွားပွဲစားနဲ့ လုံးဝကိုမတူတာ'

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now