Part 21

1.4K 75 13
                                    

(Zawgyi)

" ရှောင်ဟွားမှာကိုယ်ဝန်ရှိနေပြီ "

" အဲ့တော့ "

" မောင်သူ့ကို တာဝန်ယူရလိမ့်မယ် "

" ငါတားပိုင်ခွင့်ရှိလား "

" အာ.."

" ငါတားပိုင်ခွင့်ရှိလားလို့ "

" မောင် တောင်းပန်ပါတယ် "

" အဟက်..တောင်းပန်တယ် ဟုတ်လား ဒါဆိုမင်းပြောပါအုံး ဝမ်ရိပေါ် ဘာလို့..ဘာလို့မင်းကအမြဲတမ်းလုပ်ချင်သလိုလုပ်ပြီးတောင်းပန်နေရတာလဲ .. ငါ..ငါကကော .. ဘာလို့မင်းတောင်းပန်တိုင်းခွင့်လွှတ်နေရမှာလဲ ပြောလေဝမ်ရိပေါ်မင်းပြောလေ ဘာလို့ပါးစပ်ကြီးပိတ်နေရတာလဲ "

တိတ်ဆိတ်နေတဲ့ဝမ်ရိပေါ်ကို ရှောင်ကျန့်စိတ်မရှည်နိုင်တော့။အင်္ကျီကော်လံစကို ဆုပ်ကိုင်ကာ အော်ဟစ်ပစ်လိုက်တော့သည်။အမြဲတမ်းဘာလို့ သူချည်းဘဲရှုံးနေရတာလဲ။ဒါတော့နည်းနည်းမတရားတော့ဘူးမလား။အမြဲတမ်း သူကဘဲနားလည်ခွင့်လွတ်ပေးနေရမှာလဲ။

" မောင်ကိုခွင့်လွှတ်ပေးဖို့မတောင်းဆိုသင့်မှန်းသိပေမယ့် မောင့်ကိုခွင့်လွတ်ပေးလို့ရမလား "

" မင်းအရမ်းကို တစ်ကိုယ်ကောင်းဆန်တယ် ဝမ်ရိပေါ် ငါ့ခံစားချက်တွေကိုဘယ်တုန်းကထည့်တွက်ခဲ့ဖူးလဲ မင်းထားသွားချင်တဲ့အချိန်ထားသွားပြီးပြန်လာတဲ့အချိန်ပြန်လာတယ် ငါနာကျင်ပေမယ့် နေသားကျနေတဲ့အချိန်ငါ့ဘဝထဲကိုဝင်လာပြန်တယ် ငါနာကျင်ခံစားခဲ့ရတာတွေအားလုံးကိုမင်းရဲ့ဖြေရှင်းချက်လေးတစ်ခုနဲ့ငါအကုန်လုံးမေ့ပစ်နိုင်ခဲ့တယ် ငါမင်းရဲ့စကားတွေတိုင်းကို မျက်စိစုံမှိတ်ယုံခဲ့တယ် နောက်ဆုံးငါ့ရဲ့ယောက်ျားမာနကိုချခင်းတဲ့အထိမင်းကိုချစ်ခဲ့တယ် ဒါပေမယ့် ငါရလိုက်တာတွေကငါပေးဆပ်ခဲ့တာတွေနဲ့တန်ရဲ့လားဟင်ပြောလေ ဝမ်ရိပေါ် မင်းငါ့ကိုဘယ်လိုတွေသဘောထားနေတာလဲ ဝမ်ရိပေါ် ပြောလေ "

" မောင့်ဆီမှာပြောဖို့အတွက်ဘာစကားမှမရှိပါဘူး ကော မောင့်မှာကောကိုပြောဖို့တောင်းပန်ပါတယ်ဆိုတဲ့စကားလေးတစ်ခွန်းဘဲရှိတော့တယ်ကော "

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now