Part 19

1.2K 61 4
                                    

( Zawgyi )
ကြားရတဲ့စကားကယုံနိုင်စရာမရှိ ။သူကဘာလို့ ကိုယ်ဝန်ရှိရမှာလဲ ။သူက ယောက်ျားလေးလေ။လွန်ခဲ့တဲ့နှစ်ပတ်လောကျထဲကတဈခုခုစားရငျ ပျို့တတ်တာတော့သတိထားမိပေမယ့် နေမကောင်းတာဟုပင်ထင်ခဲ့မိသည်။အခုလိုမျိုးဖြစ်နေမည်လို့တော့မထင်ထားခဲ့ ။ရှောင်မားမှာလည်း အံ့ဩလွန်း၍စကားပင်မပြောနိုင်။

" ဟုတ်လို့လား ဆရာရယ် ကျွန်မသားကယောက်ျားလေးလေ ဘယ်လိုလုပ်ကိုယ်ဝန်ရှိမှာလဲ မှားနေပြီထင်တယ် "

" မမှားပါဘူး ကျွန်တော် အကြိမ်ကြိမ်စစ်ဆေးပြီးပါပြီ တကယ်လို့ အဒေါ်တို့မယုံဘူးဆိုရင် ဆေးရုံမှာသွားစစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ် ယောက်ျားလေးကိုယ်ဝန်ဆောင်မရှိဘူးရယ်လို့မဟုတ်ပါဘူးရာခိုင်နှုန်းနည်းတာပါ ကောင်းကောင်းဂရုစိုက်ပေးပါ ကျွန်တော်ဆေးလေးတွေပေးခဲ့ပါမယ် "

ဆရာဝန်လေးကတော့ပြောပြီးပြန်သွားလေပြီ။ အခုထိကျောက်ရုပ်လိုရှိနေတာကတော့ ရှောင်ကျန့်ပင်။

" ဘယ်လိုဖြစ်ရတာလဲကျန့်ကျန့်ရယ် "

" ကျန့်ကျန့် တစ်ယောက်တည်းနေချင်တယ်မား "

" အေးပါကွယ် "

ကျိုးချင်းလည်းအခန်းပြင်သို့ထွက်ခဲ့တော့သည်။ရှောင်ကျန့်မှာတော့ခေါင်းမီးတောက်နေလေပြီ။' မောင့်ကိုပြောရမလား မောင်ကမယုံဘဲထားခဲ့ရင်ဘယ်လိုလုပ်မလဲ 'စိုးရိမ်စိတ်တွေနဲ့ ရှောင်ကျန့်တစ်ယောက်တော့ ယောက်ယက်ခတ်နေလေသည်။ဝမ်ရိပေါ်ကိုဖုန်းဆက်တော့ စက်ကပိတ်ထားတော့ စိုးရိမ်မှာဒီဂရီမှာပိုမိုမြင့်တက်သွားလေသည်။တကယ်ဘဲသတင်းတွေထွက်အောင်ဘယ်လိုများဖြစ်ကြတာပါလိမ့်။

ဝမ်ရိပေါ်နှင့်ရှောင်ဟွားမှာလည်း သတင်းတွေပိတ်သွားစေဖို့လုပ်နေရတော့ မအားနိုင်ကြပေ။ဘယ်လိုလူကများအခုလိုဖြစ်အောင်လုပ်တယ်ဆိုတာကိုအဖြေရှာနေရသည်။တစ်နေ့လုံးအလုပ်ရှုပ်အပြီးမှာတော့ သတင်းဖြန့်နေတာတွေအကုန်လုံးပိတ်နိုင်ခဲ့သည်။ရှောင်ဟွားအကူအညီတွေနဲ့ပေါ့။ရှောင်ဟွားကိုကြည့်ရတာ သိနေပုံပင်။အရှုပ်တွေပြီးသွားတော့မှ ကောကိုသတိရမိတော့သည်။သူ့ကို စိတ်ဆိုးနေတော့မှာဘဲ။ဖုန်းဖွင့်ကြည့်လိုက်တော့ miss call တွေများစွာ။ပြန်ဆက်ကြည့်တော့ မကိုင်တော့ပေ။စိတ်ဆိုးနေပြီဆိုတာသိတာမို့အမြန်ဆုံးကောအိမ်ကို ပြေးရတော့သည်။

ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- PregWhere stories live. Discover now