Part (1) Uni/Zawgyi

37.9K 629 13
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(1)

"ဟေ့ကောင် ဘာလုပ်နေတာလဲ မလာသေးဘူးလား ငါစောင့်နေတာကြာလှပြီ"

တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား တစ်ယောက် ကျောင်းရှေ့မှာ ဖုန်းပြောနေ၏။

"........ "

"ကျစ် မင်းလာနေပြီက အိပ်ယာထဲကနေလား"

"ဟဲ့ နင်ကငါလာတာတောင်မသိဘူးလား"

နောက်မှ လှမ်းရိုက်လိုက်သည့် လက်ဖဝါးလေးတစ်ဖက်က သူ့ကျောပြင်နဲ့ရင်းနှီးပြီးသားဖြစ်သည်။

"အ အာ.... ဒါပဲ ဟေ့ကောင်"

ချက်ချင်းဖုန်းချလိုက်ပြီး ဖုန်းလေးကို အိတ်ထောင်ထဲထည့်ကာ

"ဘယ်ချိန်ကတည်းကရောက်နေတာလဲ"

နောက်သို့လှည့်လာခဲ့လျှင်အနက်ရောင် ပုခုံးပေါ်ဝဲနေတဲ့ဆံပင် ဖြောင့်ဖြောင့်တွေနဲ့ အတူ မိတ်ကပ်လှလှကလေးတွေလိမ်း တတ်တဲ့ သူမ မျက်နှာက ကျောင်းမှာတော့ အလှပဂေးပဲ။

"ရွှန်းစိုပြေ နင်စကပ်ကို ဒူးအောက် ရောက်တဲ့ဟာ မ၀တ်တတ်ဘူးလား"

အဝါရောင်စကပ်တိုတိုကလေးကပေါင်အလယ်မှာရှိနေပြီး အဖြူရောင် အင်္ကျီတွန့်တွန့်ကလေးနဲ့သူမက တကယ်ချစ်စရာကောင်းလှသည်။

"ဘာလဲဟာ ၀တ်နေကျကို အထူးအစမ်းလုပ်နေတယ်"

ရန်မူသလို အမြဲလက်ပါတတ်တဲ့ သူမက နောက်တစ်ချက်သူ၏လက်မောင်းကိုထပ်ရိုက်လိုက်ပြန်သည်။

"အ နာတယ်ဟ ငါ့ကျောနဲ့လက်မောင်းက နင်ရိုက်တာနဲ့ပုတ်တော့မှာ "

"မလာသေးဘူးလား ဟိုတစ်ယောက်က"

"ခုနက ငါဖုန်းဆက်နေတာမကြားဘူးလား"

"နေပူတယ်ဟ "

ရုတ်တရက် လက်ကနေ ဆွဲခံလိုက်ရကာကျောင်းပေါက်တစ်ဖက်က သစ်ပင်အောက်သို့ပါသွားရသည်။

"အမလေး သိတတ်လိုက်တာ ဇွဲတေဇလေး"

နှာတံဆင်းဆင်းနဲ့ ရှေ့ကျနေတဲ့ဆံပင် နီညိုရောင်ရှိတဲ့ သူ့ရဲ့ ပါးတစ်ဖက်ကို ဆွဲဖဲ့ခြင်းခံလိုက်ရသည့် ထိုကောင်လေးသည် နှာခေါင်းရှုံ့လိုက်ပြီး

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now