ဇာတ်သိမ်းပိုင်း Uni/Zawgyi

24.2K 380 26
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(28) ဇာတ်သိမ်းပိုင်း
လင်းထွဋ် မှိုင်ကျသွားကာ ထိုနေရာတွင် ပဲ လူကယိုင်တိုင်တိုင်ဖြစ်သွား၏။
"အခု ငါမင်းကို နောက်ဆုံးအနေနဲ့ပြောနေတာ လင်းထွဋ်  မင်းကြောင့်ပဲ မင်းရဲ့တူအရင်း လင်းယောင် မိဘမဲ့ ဖြစ်သွားတာ အခု မင်းက ချစ်သူကိုပါလုယူမလို့လား  သက်သေက ငါ့ဆီမှာဆိုတာသတိရပါ"
ဦးမင်းထင် ခြိမ်းခြောက် မှုအဖြစ်သာသုံးပါသည် ။
ပြီးရင် ဒီMemory စတစ်ကို ဖျက်စီးပစ်ပြီး လင်းထွဋ်ကိုNew Yorkပြန်ပို့မည်ဟုစီစဉ်ထား၏။
"ဒါတွေအားလုံး အဖေ့ကြောင့်ဖြစ်တာ အဖေသာ ကျွန်တော့်ကို သားအဖြစ်အသိအမှတ်ပြုထားခဲ့မယ်ဆိုရင် ကျွန်တော် ဒီလိုတွေ လုပ်မိမှာမဟုတ်ဘူး "
လင်းထွဋ် ရှိသမျှ ပစ္စည်းတွေ ပေါက်ချိုးကာ ပေါက်ကွဲနေသည်ကို လင်းယောင် ကြည့်ကာ အံ့သြမိသည်။
အားလုံးကို အခုမှသိရတဲ့ လင်းယောင် ကဒီနေရာမှာ မျက်စိသူငယ် နားသူငယ် ကလေးတစ်ယောက်လို
ဘယ်သူထင်ထားမလဲ  ဦးလေး ကြောင့် ဖေဖေနဲ့မေမေ ဒီလိုဖြစ်တာတဲ့
"လင်းထွဋ်  ဟန်ခေ ဘယ်မှာလဲ  "
လင်းထွဋ် မဖြေသေးဘဲမျက်စိရဲရဲထဲကမျက်ရည်စက်တွေဖြင့် နံရံသို့သာ လက်သီးဖြင့်ထိုးနေ၏ ။
လင်းထွဋ် ကံမကောင်းတာပဲပြောရမလား
"ဒီ ဘက်ပါ ဒီဘက်ပါ "
ရဲအချို့နဲ့ရောက်လာသည့် ကြယ်စင်
"မကြယ်စင် "
"အစ်မ လည်း အရမ်းစိတ်ပူလို့ ပြီးတော့ အရမ်းကြာနေလို့ တစ်ခါတည်း....."
မိသားစုအခြေအနေကိုကြည့်ကာ ကြယ်စင် မှားသွားလားလို့တွေးမိပါသည် ။
ဘာပဲဖြစ်ဖြစ် ဦးမင်းထင်သည် သားကို ရဲလက်တော့မအပ်ချင်ပါ ။
သို့သော် မသမာ မှုသည် သူ့နည်းဖြင့်သူ အမှန်တရားက ပေါ်လာမည်မဟုတ်လော
"ကိုလင်းထွဋ်  စခန်းကိုခဏလိုက်ခဲ့ပါ "
လင်းယောင် လင်းထွဋ်ကို ကြည့်ကာ သနားသလို  မုန်းလည်းမုန်းတီးမိသည် ။
ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ နောင်တအရဆုံးသည်  အဖေဖြစ်တဲ့ ဦးမင်းထင်ပင် ။
သူသာ သား၂ယောက်ကို တန်းတူဆက်ဆံခဲ့မယ်ဆိုရင် သားငယ် လင်းထွဋ်ကို ဂရုစိုက်ခဲ့မယ်ဆိုရင် အခုတော့ သားတစ်ယောက်လုံး ထောင်ကျမည်ကို ထိုင်ကြည့်ရတော့မည့် အဖြစ်​ပင်ဖြစ်သည်။
"အဖေ မှားတာပါ  အဖေမှားခဲ့တာ လင်းထွဋ် "
လင်းထွဋ်  မျက်ရည်များကြားက ခပ်ပြုံး​ပြုံးမျက်နှာဖြင့်
"ကျွန်တော်ပြန်လာမှာပါ "
လင်းထွဋ်ကိုခေါ်သွားလျှင် ဦးမင်းထင် လည်း လိုက်ရပြန်၏ ။
လင်းယောင် နဲ့ကြယ်စင်သာကျန်ခဲ့၍
"မ "
"မ"
"ဟန်ခေ ဟန်ခေ"
တစ်ယောက်တစ်ခွန်းခေါ် ရင်း လင်းယောင် တစ်ခန်းထဲရှိသည့် အခန်း တံခါးကို သော့ဖျက်ရန်ခြံထဲမှ သစ်သားတုတ် တစ်ချောင်းသွားယူကာ ရိုက်ဖျက်ပစ်လိုက်လျှင် ကုတင်ပေါ်မှာ လက်ပြန်ကြိုးတုတ်ထားသည့် သူမ သည် သတိလစ်နေသည်။
"မ "
"မ"
"မ"
လင်းယောင် ဆက်တိုက်ခေါ်ရင်း ကြိုးဖြေကာ ပွေ့ခေါ်လာခဲ့သည် ။
"ရတယ်လင်းယောင် အစ်မ မောင်းခဲ့မယ် ဘယ်လိုက်ပို့ရမလဲ"
"ကျွန်တော့်အိမ်ကိုပဲ "
လင်းယောင် ကားအနောက်ခန်းတွင် ပေါင်ပေါ်သို့ပွေ့တင်ထားသည့် သူမ မျက်နှာလေးအား ငုံ့ငုံ့ကြည့်ရင်း စိတ်ပူတာနှင့် မတွေ့တာကြာမှပြန်တွေ့ရသဖြင့် လွမ်းစိတ်ဖြင့်သာ
"လင်းယောင်  အစ်မ လိုက်မပို့တော့ဘူးနော် "
"ရတယ်အစ်မ  ကျွန်တော် သယ်သွားလိုက်ပါ့မယ် ကျေးဇူးပဲနော်  မ အိမ်ကိုတန်းသွားရင် အန်တီတို့စိတ်ပူကြမှာစိုးလို့"
"အေးပါ အစ်မ ဆိုင်ပစ်ထားခဲ့လို့"
"ဟုတ် ရပါတယ် နောက်မှ အေးဆေး ပေါ့"
လင်းယောင်သည် သူမကို ပွေ့ချီကာ အိမ်ထဲသို့တန်းတန်းမတ်မတ်
"ဒေါ်တင်  ဒေါ်တင် "
"ဟေ ဟေ ဟော်တော် သား ဘာဖြစ်လာတာလဲ"
ချွေးတလုံးလုံးဖြင့် ဂါ၀န်မှာလဲ ညစ်ပေပေနဲ့ ဆံပင်ရှည်ရှည်တွေဖုံးအုပ်နေလို့ မျက်နှာမမြင်ရသည့် မိန်းကလေးတစ်ယောက်ကို ပွေ့ခေါ်လာဖြင့် ဒေါ်တင်လည်းစိတ်ပူမိ၏ ။
"ဆရာ၀န် ခေါ်ပေးပါ "
ဆိုကာ သူက အိမ်ပေါ်ပြေးတက်သွားလေပြီး
သူ့အခန်းက မွေ့ယာပေါ်သို့ ညင်သာစွာ ချပေးလိုက်၍ သူမလက်ကလေးကို ဆုတ်ကိုင်ထားမိသည် ။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now