Part (4) Uni/Zawgyi

12.1K 369 8
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(4)

"ဟန်ခေရေ သမီး ဆင်းလာခဲ့တော့လေ ထမင်းစားရအောင်"

ဟန်ခေသည် အိမ်အပေါ်ထပ်မှဆင်းလာခဲ့ရာ
ဂါ၀န်အနက်လေးက ခြေသားလုံးအလယ်တွင်သာရှိသည်မို့ ပလာစတာကပ်ထားတဲ့ သူမခြေချင်း၀တ် နဲ့ ဖြေးဖြေးချင်းဆင်းလာရတဲ့ သူမခြေထောက်တွေကို မေမေသတိထားမိလာသည်။

"ဟန်ခေ ခြေထောက်ကဘာဖြစ်တာလဲ"

ထမင်းစားပွဲမှာ ကျကျနနထိုင်ပြီးကာမှ

"ဆေးရုံရှေ့မှာပါမေမေရယ် ကောင်လေးတစ်ယောက်၀င်တိုက်တာ "

"သတိထားမှပေါ့ သမီးရယ်"

တေဇက သူမခြေထောက်ကိုငုံ့ကြည့်၍

"မစ္စဟန်ကမမြင်တာမလား ဘေးကလူတစ်ယောက်လုံးကို"

"ဟူး ငါလည်းတစ်နေကုန် ဒီကိစ္စပဲလိုက်ရှင်းနေရတယ် နင်တို့လိုအရွယ်ကလေးတွေ ပြောရဆိုရသိပ်ခက်တာပဲ တေဇရယ်"

"ဘာလို့ကျွန်တော်ကပါလာပြန်တာလဲ "

"အေး တေဇ မင်းမနက်ဖြန်ဆို ကုမ္ပဏီလိုက်ခဲ့ မင်းလည်းအရွယ်ရောက်လာပြီ ဒီလိုအချိန်ကတည်းက အားလုံးနားလည်ထားမှဖြစ်မယ်"

တေဇ မျက်လွှာချလိုက်ပြီးမှ

"ဟုတ်ကဲ့...."

သံရှည်ဆွဲပြောတော့မေမေက ဟင်းထည့်ပေးရင် ခေါင်းတစ်ချက်ပုတ်လိုက်၏။

"ဟွန်း အမြဲတမ်းအလေလိုက်မနေနဲ့"

"အား... မေမေနဲ့ဖေဖေက ကျွန်တော့်ပဲပြောနေကြတာ မစ္စဟန်ကျရော "

"ဟန်ခေ မှာ ဘာပြောစရာရှိလို့လဲ"

"ကျွန်တော်က သူတို့သားအရင်းမဟုတ်တာကျလို့"

*
*
*

ဟန်ခေသည် မနက်စောစောထတတ်သည့်အကျင့်ရှိ၏ ။ယခုလည်း ၆ နာရီသာရှိသေးသည်
Breakfastပင်စားပြီးနှင့်ပင် ။ ထို့နောက် ဒီနေ့ Lusin ဆေးရုံမှာ ဆေးပညာနဲ့ပတ်သတ်ပြီးဟောပြောပွဲရှိသည်က သူမလည်းတစ်စိတ်တစ်ပိုင်းပါ၀င်ရမည်မို့ လိုအပ်တာတွေ စာရွက်တွေ ဖိုင်တွေ စနစ်တကျ စီစဉ်ကာ ထပ်ထား၍ သူမကိုင်နေကျ စလင်းဘတ်အိတ်လေးနားတွင်ချထားလိုက်၏။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now