Part (11) Uni/Zawgyi

10.9K 353 17
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(11)

လင်းယောင်သည် သူ၏ညာဘက်လက်ကိုဆုပ်ကိုင်ထားသောစိုပြေဆီကလက်ကိုပြန်ရုန်းကာ စားပွဲပေါ်မှဘီယာခွက်အားပြန်လည်ကိုင်လိုက်သည်။ တစ်ဖန် စားပွဲအောက်မှ သူ့လက်ကို ကိုင်တုန်းကကိုင်ပြီး လှည့်ကြည့်မှရှက်ခိုးရှက်ကန်းနဲ့ ပြန်လွှတ်ရန်ကြိုးပမ်းသည့်  မရဲ့လက်ကို သူတစ်ဖန်ပြန်သိမ်းယူဆုပ်ကိုင်လိုက်လျှင်

"အစ် "

ဟန်ခေ ရင်တွေခုန်ကာ ကျို့ပါထိုးမိလေသည်။
လင်းယောင် မျက်နှာပြုံးစိစိဖြစ်နေပြီးသူကိုင်တုန်းကကိုင်ပြီး ခုမှရှက်နေတာ ဟုစိတ်ထဲကနေလှောင်လိုက်မိသေးသည်။

စိုပြေသည် သူမလက်ကိုလင်းယောင်လွှတ်လိုက်ကတည်းက သူ့ကိုပဲ အခြေမပျက်ကြည့်နေခဲ့တာ လင်းယောင်ရဲ့အကြည့်တွေက  မမမေဟန်ခေ ဆီမှာပဲ။ စိုပြေ သံသယတော့၀င်လာမိပြီ။

လင်းယောင် နင်  တေဇ အစ်မကိုများ....

သို့ပေမဲ့ မဖြစ်နိုင်ပါဘူးဟုလည်းတွေးလျက်
သူငယ်ချင်းအစ်မလေ  ပြီးတော့ အသက်၅နှစ်နီးပါးကွာတာ 

တေဇ ဒါတွေကိုသံသယမ၀င် သလို သတိလည်းမထားမိ သူသိတာ စိုပြေပင်။

စိုပြေ ခုတလော မျက်နှာလည်းမရွှင် စိတ် လည်းမရွှင်နဲ့ နေမကောင်းလည်းဖြစ်တယ်
အခုလည်းမပျော်ဘူးထင်တယ်။

"အဟင်း "

တေဇ ချောင်းဟန့်လိုက်ပြီး

"ကဲ ကဲ  ၉နာရီတောင်ထိုးပြီးနေပြီဆိုတော့ ငါတို့ ပွဲသိမ်းရအောင် "

အားလုံးလည်း  အားပါးတရစားပြီးသောက်ပြီးကြသဖြင့်

"ဒါဆို ဒီဝိုင်းကိုဒါကာခံတာက တေဇ ဆိုတော့ ဒီကအပြန် clubကိုသွားဖို့ ငါဒါကာခံမယ် ဘယ်သူတွေလိုက်မလဲ သဘောတူကြလား "

အတန်းခေါင်းဆောင်ဖြစ်သူက ပြောကြားသည့်အခါအချို့လည်း သူနဲ့ပါသွားကြပြီး အချို့လည်းအိမ်ပြန်ကုန်ကြသည်။စိုပြေကိုကြည့်ရတာတော့သိပ်အဆင်မပြေ ကြည့်ရတာ နည်းနည်းမူးနေပုံရ၏ ။

ကြယ်စင်၏ဆိုင်ထဲမှာကျန်ခဲ့တာကတော့
ကျန်ခဲ့တဲ့ လင်းယောင် တေဇ  ဟန်ခေ နဲ့စိုပြေ ၄ယောက် သာ။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now