Part (14) Uni/Zawgyi

11K 339 14
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(14)

ဟန်ခေ Party ရှိတယ်လို့ကြားလိုက် ကတည်းက လင်းယောင် လာမည်ဆိုသောကြောင့် အလှတွေပြင်ခဲ့သည်။

သူ့ရှေ့မှာအလှဆုံးဖြစ်နေမှ စိတ်ဆိုးနေတဲ့ချစ်သူကိုမြန်မြန်စိတ်ပြေအောင်ချော့နိုင်မည်မဟုတ်လား။

ပန်းနုရောင် ဂါ၀န်ပါးလေးသည်ဖဲသားဖြစ်၍ သူမနဲ့လိုက်ဖက်ပြီးဆံပင်တွေကို ကျောထက်တွင်ဖြန့်ချထားသည်မှာ သဘောကျစရာကောင်းလှသည်။

"အလှတွေပြင်ထားတာလား"

တေဇက သူ့အစ်မကို နှာခေါင်းရှုံ့ပြလေ၏။

"partyဆို ကြည့်ပါဦး နင်ကျတော့သန့်ပြန့်လို့ ငါလည်းလှချင်တာပေါ့"

စပို့ရှပ်လက်ရှည်အနက်ရောင်နဲ့ဘောင်းဘီရှည်အဖြူရောင်ဝတ်ထားတဲ့တေဇဟာသူ့ဆံပင်အနီညိုတွေအားသန့်ပြန်နေအောင်နောက်သို့လှန်ထားသေးသည်။

အိမ်ထဲ၀င်လာကြသည့် စိုပြေနဲ့လင်းယောင် ကြောင့် မောင်နှမနှစ်ယောက်ရဲ့စကားတွေရပ်တန့်သွားပြီးအဝါရောင်ဂါ၀န်တိုလေးသည် ဖြူဖွေးလှသည့်စိုပြေရဲ့အသားအရေကိုပိုပေါ်လွင်စေ၏ ။တေဇက စိုပြေကို ပြုံးပြသည့်အခါ
စိုပြေမှ နှုတ်ခမ်းလေးကွေးလိုက်သည် ။

"အဟင်း လာလေ ငါကိုယ်တိုင် ပြင်ဆင်ထားတာ စိုပြေ  နင့်ကိုပြန်ချော့ချင်လို့"

"အင်း"

တေဇက စိုပြေ ကိုခေါ်သွားသည့်အခါ
စိုပြေမှ လင်းယောင်အားလှည့်ကြည့်ရင်း လိုက်ပါလာခဲ့သည်။ အိမ်အ၀တွင် ကျန်ခဲ့သည့် လင်းယောင် သည် သူမ ကိုသာကြည့်နေခဲ့၍သူမ ဆံပင်တွေဖြန့်ချထားသည့်အခါဆို သူတကယ်ကြွေရပါသည်။ ဟန်ခေက လင်းယောင် ကို ပြုံးပြ၍

"အဟမ်း "

စကားပြောရန် ပြင်ဆင်လျှင် လင်းယောင်သည် မျက်နှာထားတင်းတင်းဖြင့် တေဇနောက်သို့လိုက်သွား၏ ။ တေဇသည် စိုပြေအား သူ့ဘေးနားတွင်သာ ထိုင်စေသည်မို့ ဟန်ခေသည်လင်းယောင်အနားကပ်ရန်အခွင့်အရေးရခဲ့၏။

"စိုပြေ ရော့ ဒါနင်ကြိုက်တယ်မလား ငါ ကိုယ်တိုင်သွားရွေးလာတာ "

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now