Part (5) Uni/Zawgyi

12.6K 388 18
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(5)

လင်းယောင်တစ်ယောက် ဆေးရုံထဲမှ ထွက်သွားလျှင်

"အစ်ကိုလေး အစည်းအဝေးက ၄၅မိနစ်ပဲလိုတော့တာ ဥက္ကဌကြီးက....."

"စိတ်ချပါ ကျွန်တော်ပြန်လာမှာ ကားမယူသွားဘူး ဒီနားတင်"

"ဟုတ်ကဲ့"

ဘာမှပြန်မပြောနိုင်တာမို့ ဥက္ကဌကြီးရဲ့အတွင်းရေးမှူး ဦးလေးစံ ဒီတိုင်းသာလွှတ်လိုက်ရသည် ။ လင်းယောင်သည် လမ်းလျှောက်ရင်း ဖုန်း onlineဖွင့်လိုက်လျှင်
တ တီတီ ၀င်လာတဲ့ messageတွေ
မနက်ခင်းက ဟောပြောပွဲတက်နေလို့ ဖုန်းတောင်မကိုင်အားဘူး။ ကြည့်မိတော့ သူရယ် စိုပြေ ရယ် တေဇ ရယ် ၃ယောက်ထဲဖွဲ့ထားတဲ့ Groupထဲမှ messageတွေဖတ်ကြည့်ရာ၌

စိုပြေ-- ငါဒီနေ့ ဂီတ ကျောင်းမှာ တယောထိုးသင်ဖို့ ကျောင်းသွားအပ်မယ်

တေဇ-- အေး ငါလာခဲ့မယ် လိုက်အပ်ပေးမယ်လေ

စိုပြေ-- လာရမှာပေါ့ ငါ့ခြေထောက်က ဒဏ်ရာမပျောက်သေးဘူး

တေဇ--အေးပါ ခုချက်ချင်းလာမယ်

စိုပြေ-- နေပါဦး လင်းယောင် ဘာလို့ လိုင်းမတက်တာလဲ

တေဇ-- ဒီနေ့ သူ ဆေးရုံမှာ လေ့လာသင်ယူနေရပြီလေ

စိုပြေ-- ဟင် အဲ့တာဆို သူမလာဘူးလား

တေဇ--အင်း မသိဘူးလေ

စိုပြေ-- 😪😪😪😪

လင်းယောင် ဘာမှ၀င်မပြောဘဲလိုင်းပြန်ပိတ်၍
Supermarketတစ်ခုထဲသို့၀င်လိုက်၏။
ဖိနပ်တွေ ရှိရာကို လျောက်လာပြီး လေဒီရှူး ပါးပါးလေးသည် အနီရောင်ကလေးပင် ရိုးရှင်းလှ၍ မမ နဲ့ လိုက်တယ် ထိုအတွေးတစ်ခုတည်းဖြင့်

"ဒီ ဖိနပ်လေး "

ဆိုင်က၀န်ထမ်းလေးသည်

"ဆိုဒ် ကြည့်ဦးမလား"

"အမ်....၃၇လောက်ပေါ့"

ခုနကပဲ ဟန်ခေ့ ခြေထောက်ကို ကြည့်ခဲ့သည်မဟုတ်လား။လင်းယောင် ဆေးရုံထဲသို့အရင်မ၀င်ပဲ ကားပါထဲသို့သွား၍ ဖိနပ်လေးကိုကားထဲအား ထည့်ထားခဲ့သည် ။လင်းယောင်လည်း ရောက်ရော အစည်းအဝေးလည်းစရော ဖြစ်၏။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now