Part-(1)

136K 3.4K 348
                                    

UNICODE //

ကောင်းကင်မှာ လွင့်မျောကြည်လင်နေကြတဲ့ တိမ်စိုင်တွေနဲ့အတူ ဒီနေ့ ဆူးရဲ့စိတ်တွေ လွတ်လပ်ပေါ့ပါးနေသည်။ လေညှင်းသွဲ့သွဲ့က ဆူးရဲ့ ဆံနွယ်နုနုကို ယိမ်းယိုင်အောင် တိုက်ခတ်နိုင်သော်လည်း ဆူး၏ ရှေ့က မိန်းမပျိုလေးကမူ ဆူး၏ စိတ်အလွှာပါးကို အဘယ်မျှ ယိမ်းယိုင်အောင် မစွမ်းဆောင်နိုင်။

"သိပ်မသောက်နိုင်တော့ဘူး ထင်တယ်နော်။"

ရှေ့က တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားတဲ့ အကြည့်ရွှန်းစားတဲ့ နတ်သမီးပျိုလေးကအသံ ခပ်နွဲ့နွဲ့ လေး မေးလာသည်။

"ဟုတ်တယ် ကျွန်​ေတာ်သိပ်မသောက်နိုင်ဘူး။"

သူက စိန်ခေါ်ပေမယ့် ကိုယ်ကတိမ်တွေ ပေါ်ထိမလိုက်နိုင်ဘူး။ "မသောက်နိုင်ဘူး" လို့ပဲ ယတိပြတ်ပြတ် ငြင်းလိုက်တော့ ပျိုကညာလေးရဲ့ နှုတ်ခမ်းရဲရဲလေး စူပုပ်သွားတော့သည်။

လက်ထဲမှာ ၀ိုင်ခွက်လေးကို လှလှပပလှုပ်ရှားနေ ရင်း ကြွကြွရွရွခန္ဓာကိုယ်လေးနဲ့ ကျွန်တော့်ဆီ အကြည့်တစ်ချက်ပို့ပြီး ထထွက်သွားပါတော့သည်။ ဒီနေ့ကျွန်တော်တို့ သူငယ်ချင်းတစ်စု Sky Barကို ရောက်နေကြတာ။ လွတ်လပ်တဲ့ ညရဲ့ငှက်တွေအဖြစ် လွင့်မျောနေကြဆဲ ဒါပေမဲ့လည်း စည်းဘောင်အပြင်ထိ ကျွန်တော်တို့ လွင့်ထွက်မသွားဘူး။

စည်းနဲ့ကမ်းနဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာကြတော့ အဘယ်သို့သော နာမည်အပျက်မှလည်း မခံနိုင်ကြသူတွေပါ။ ငယ်ရွယ်နုမြစ်တဲ့ ခန့်ညားမှုတွေနဲ့ အမျိုးသားတွေဖြစ်တဲ့အလျောက် မာနဂုဏ်လေးတွေလဲ တလွှားလွှားနဲ့ပေါ့။ ဒါကြောင့် အနားကို မကပ်ရဲကြသူတွေကလည်း အများသား။

ညနေခင်း partမို့ sky bar ရဲ့ ကောင်းကင်က အမှောင်မလွှမ်းခြုံလာသေးဘူး။ ပုဇွန်ဆီရောင် အသွေးနဲ့ လေပြေခပ်သော့သော့ကလေး ကောင်းကင်ထက်ကနေ အပြေးအလွှား ခုန်ဆင်းလာကြသည်။ သဘာ၀ရဲ့ဆည်းဆာက ကောင်းကင်ယံမှာအပြည့်။ မြင်နေရတဲ့ တလျှောက် အပြည့်အ၀ခံစားရင်း လက်ထဲက ၀ိုင်ခွက်ကို အသာမော့ချပစ်လိုက်သည်။

POISONOUS DARLINGWhere stories live. Discover now