Part-(17)

15.9K 1.1K 114
                                    

Unicode//

ထိုအိမ်တွင် တစ်ပတ်လောက်ဆက်နေရမယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနှင့်ထန်ဦးခိုက်စေရဲ့အမေ ဒေါ်ပုလဲတင်၏ အမိန့်ကို နာခံပြီး သူတို့ ဆက်နေခဲ့ကြရသည်။ သိလိုက်ရတာက ထန်ဦးခိုက်စေမှာ အမေတင်မဟုတ်ဘဲ တခြားမိသားစု၀င် တစ်ဦးဖြစ်တဲ့ ပန်းဦးခိုက်စေဆိုတဲ့ အမတစ်ယောက်လည်း ရှိနေသေးတာပင်။ ဒီအိမ်ကျယ်ကြီးမှာ ဆက်ပြီး နေရဦးမှာ ဖြစ်တာကြောင့် 'ဆူး' ဒီအိမ်ထဲက မိသားစု၀င်တွေနဲ့ ရင်းနှီးထားဖို့ လိုပါသည်။ အိမ်ကြီးတစ်ခုလုံးကို ပတ်ကြည့်ရင်း စူးစမ်းလေ့လာခဲ့မိသည်။

ဒီအိမ်ထဲက မိသားစု၀င်တွေကိုလည်းသိပြီး အတော်အတန်ရင်းနှီးနေပြီ ဖြစ်နေပေမဲ့ 'ဆူး' ယခုထိ သေချာမသိသေးတာက တစ်ယောက်သောသူ၏ အကြောင်းပဲ ဖြစ်၏။ အနီးကပ်ရှိနေရပြီး သူ့အကြောင်းကိုမှ လွဲပြီး အားလုံးသိနေတာက မဖြစ်သင့်ဘူးလေ။ သို့ပေသိ သူတစ်ပါး စိတ်ကိုမတူးဆွတတ်သူပီပီ 'ဆူး' ဘက်က စ၍ မေးမြန်းခဲ့ခြင်း မရှိခဲ့လို့ ဖြစ်မည်။

မနက် ၇နာရီဆိုလျှင် မောင်းတီးအချက်ပေးသံနှင့်အတူ အောက်ထပ်သို့ ဆင်းပြီး မနက်စာစားရ၏။ စည်းကမ်းတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်မှာ နေရတာက ဆူးအတွက် တမျိုးတဖုံ နေပျော်လို့ကောင်းသည်ဟု ထင်မိပါသည်။ မိမိအိမ်မှာတော့ လွတ်လပ်စွာ နေခဲ့ရပေမဲ့ ဒီအိမ်မှာတော့ ထိုသို့မဟုတ်။ တစ်ဦးနှင့် တစ်ဦးစကားများများစားစား မပြောကြပေ။ မနက်စာ စားချိန် သို့မဟုတ် နေ့လည်စာစားချိန် ထမင်းစားခန်းထဲတွင် တိတ်ဆိတ်စွာ စားသောက်ရပါသည်။ ညစာစားချိန် ပြီးသည့်တိုင်လည်းမိမိအခန်းသို့သာ ပြန်ကာ စောစောအနားယူရ၏။ မိသားစု၀င်တွေ တစ်ဦးနှင့်တစ်ဦး စကားများများစားစား မပြောကြပေမဲ့ နွေးထွေးမှုကိုတော့ ခံစားမိရသည်။ အနည်းငယ်တော့ 'ဆူး' ကျင်လည်ရတဲ့ ပတ်၀န်းကျင်နဲ့ မတူခဲ့တော့ စိမ်းသက် ထူးဆန်းနေခဲ့ရ​သေးသည်။

အိမ်အပေါ်ထပ် ၀ရံတာကနေ ခြံထဲကို ငုံ့ကြည့်လိုက်တော့ ပန်းပင်တွေကို ရေလောင်းနေတဲ့ အလုပ်သမားဦးလေးကြီး တစ်ယောက်ရှိနေသည်။ ခြံ၀န်းက အကျယ်ကြီးဖြစ်ပြီး ပန်းပင်တွေအများအပြား စိုက်ပျိုးထားသည်ကိုတွေ့ရသည်။

POISONOUS DARLINGWhere stories live. Discover now