Part-(31)

14.7K 709 185
                                    

Unicode //

"ငိုးးး ဝေါ့!!"

"ဘာတွေအစားမှားလို့လဲ ဆူး.."

​ရေတစ်ခွက်ခပ်ယူလာပေးရင်း မောင်က နောက်ကျောကိုနှိပ်ပေးကာ မေးလာသည်။

"ဘာမှမဟုတ်ပါဘူး။ ငါအဆင်ပြေတယ်၊ ရတယ်။"

"မဟုတ်မှ.."

ဆူး ေမာင့်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ မောင်က မျက်ခုံးပင့်ပြရင်း ပြုံးစစမျက်နှာဘေးနှင့် ပြန်လို့ကြည့်သည်။

"ဘာလဲ ငါ့ကိုအဲ့လိုလာမကြည့်နဲ့ကွ"

ဆူး၏​တွန့်ကျုတ်သွားသော မျက်ခုံးတန်းနှစ်သွယ်ကို လက်ညှိုးနဲ့လက်ခလယ်ကိုအသုံးပြုကာ မောင်ကဖြေလျော့ပေးလာသည်။ ပြီးနောက် မောင်က ဆူးမ​ကြိုက်ပါဘူးဆိုသည့် ပြီတီတီမျက်နှာဘေးကို လုပ်ပြပြန်သည်။

"ေဟ့ကောင် မောင်! ငါတကယ်ထိုးမှာနော်။"

"ထိုးလိုက်စမ်းပါကွာ.. နှုတ်ခမ်းလေးနဲ့။"

မောင်ကသူ့ပါးကြီးကို ဖောင်းထားပြီး ဆူးမျက်နှာအနားကို တိုးပေးလာ၏။

ဆူး လှောင်ပြုံးတစ်ချက်ကို ပြုံးရယ်လိုက်သည်။

ခွပ်!

"အာ့ သေပါပြီကွာ။"

မောင့်မျက်လုံးတစ်ဖက်ချက်ချင်းပဲ အညိုရောင်ကွင်းသွားသည်။ အညိုရောင်ပေါ် အညိုဆင့်တော့ သိပ်တော့လည်းမထင်ရှားလှပါ။

အားသိပ်မပါသော်လည်း ပြင်းလှသောဆူးရဲ့ လက်သီးအကြောင်း မောင်အသိဆုံးပင်။ ဒါတောင် လိုက်စနေသေးတာ နည်းသေးတာပဲ။

"မောင့်ဆူးက တော်တော်ဆိုးပါ့လားကွ ဟမ်"

အညိုကွင်းသွားသော ညာဘက်မျက်စိကိုလက်ဖဝါးနဲ့အုပ်ကာထားရင်း မောင်ကဆိုလာသည်။

"ဆိုးမှာပေါ့ မင်းအလိုလိုက်ထားတာပဲကို။"

နှာမှုတ်သံတစ်ချက်ကို ကြားလိုက်ရသည်။

"အော့!"

ရင်ဘတ်ထဲက တမျိုးတမည်ခံစားနေရပြီး ဆူး ပျို့အန်ချင်နေပါသည်။ သို့သော်ဘာမှအန်မရပါ။ မနက်ကတည်းက ဘာမှအစာစားချင်စိတ်မရှိ၍ မနက်စာကိုစားမထားပေ။ ထို့ကြောင့် ရင်ခံပြီး ပျို့အန်နေတာပဲ ဖြစ်ရမည်။

POISONOUS DARLINGWhere stories live. Discover now