Part-(2)

34.7K 2.1K 242
                                    

Unicode

လမ်းတစ်လျှောက် ကားဒုန်းစိုင်းစီးလာရင်း စိတ်တိုစွာ ဟွန်းတပွမ်ပွမ်လုပ်တော့ မိသန့်က ခြံတံခါးလာဖွင့်ပေးသည်။ ညဆိတ်ငြိမ်ရက်ကွက်​လေးမို့ ခြံကျယ်ကြီးတွေထဲ သူ့အိမ်၊ ကိုယ့်အိမ်သာ တိတ်တဆိတ်နေကြပါသည်။ အနီရောင်ကားလေး တလိမ့်လိမ့် ခြံထဲ၀င်သွားတော့မှ မိသန့်က ခြံတံခါးပိတ်ကျန်ရစ်ခဲ့တော့သည်။

"ရှင်းရှင်းသန့်"

"ရှင့် လာပါပြီ အကိုလေး။"

သူခေါ်ရင်တန်းထူး၊ တန်းအနားရောက်လာမှ ကြိုက်တဲ့ စိတ်မြန်လက်မြန်အကိုလေးကြောင့် မိသန့် သံရှည်ဆွဲထူး အမြန်ပြေးရပါသည်။ ထဘီမကျွတ်အောင် ပြင်၀တ်ချိန်ပင်မရလိုက်။

အိမ်၀ဖိနပ်စင်ပေါ်က မညီမညာ ဖိနပ်အရံတွေကို ကြည့်ပြီး အကိုလေးက လှမ်းအော်နေတာဖြစ်သည်။

"ဒီမှာကြည့်စမ်း။ ဖိနပ်တွေမညီဘူး တွေ့လား စည်းကမ်းမရှိလိုက်ကြတာ။ သေချာပြန်စီထားလိုက်ဦး ကြားလား။"

"ဟုတ်ဟုတ်"

"စိတ်မရှည်သလိုနဲ့.."

အကိုလေးက မိသန့်ကိုမာန်မဲတာမဟုတ်ဘဲ တစ်ကိုယ်ရည်ညည်းညူသလို ရေရွတ်သွားသည်။

တစ်ခုခုဆိုရင် ရွံတတ်ပြီး၊ စည်းကမ်းရှိ စနစ်ကျမှ ကြိုက်တဲ့ အကိုလေးကြောင့် မိသန့်အကိုလေးအကြိုက် လိုက်လုပ်ပေးရပါသည်။ မာနကလည်းတစ်ခွဲသားနဲ့ ဒီအကိုလေးတော့ ဒီတစ်သက်မိန်းမရမဲ့ကိန်း မိသန့်မမြင်ပေ။

ဘာပဲဖြစ်ဖြစ် မိသန့်ကတော့ အကိုလေးဘယ်လောက်ခိုင်းခိုင်း မညည်းမညူ လုပ်ပေးလိုက်ချင်တော့တာပါပဲ။ မင်းသားတစ်ပါးလို ချောမောလွန်းတဲ့ အကိုလေးရှိတဲ့အိမ်မှာ အလုပ်လုပ်ရတာဟာ မိသန့် ဘယ်လောက်ကံကောင်းတယ်မှတ်လဲ။

"အကိုလေး"

တံခါးမကြီးနား ၀တ်ထားတဲ့ Half Shoeချွတ်ပြီး ဝင်တော့ဆဲဟန်ပြင်နေတဲ့ အကိုလေးကို ပြောလိုက်ရကောင်းမလား တွေဝေနေတုန်း။

"ပြောလေ ဘာလဲရှင်းရှင်းသန့်"

"ဟို..ဟို အကိုလေး နောက်လှည့်မကြည့်နဲ့နော် အကိုလေး ကားအနောက်ကိုလိုက်လာတဲ့ လူရှိတယ်။ ဘယ်သူလဲ မသိဘူးတော့်! ခြံရှေ့နားမှာပဲ တဝဲဝဲနဲ့။"

POISONOUS DARLINGWhere stories live. Discover now