Part-(27)

10.1K 652 62
                                    

Unicode //

ဇန်နဝါရီလ၏အအေးဓာတ်က အတော်လွန်ကဲသည်။ မနက်ခင်းတိုင်း နိုးထလာရတဲ့အခါ ဘေးနားက အနွေးဓာတ်လေးတစ်ခုကြောင့်သာ နွေးထွေးနေရ၏။ မျက်စိတို့က အလိုအလျောက်ပွင့်ဟလာပြှီး နွေးထွေးမှုတစ်ခုဆီကို တိုးဝှေ့ဝင်သည်။ သို့သော် ထိုအနွေးဓာတ်ကလေးထဲမှာ သူရှိမ​ေနပါဘဲ အနွေးဓာတ်ကလေးကသာ သူ့ကိုယ်အတွင်းမှာ ရှိနေသလို ခံစားနေရသည်။

"ဟင် မောင်။"

"အင်းး...ဗျာ ကျော်အိပ်ချင်သေးတယ်၊
မောင့်ဆူးရင်ခွင်ထဲမှာ အိပ်ချင်နေသေးတယ်။"

၂၁နှစ်သားက ဆူး၏ကြယ်သီးတွေပွင့်နေသော ရင်ဘတ်အတွင်းကို မျက်နှာအပ်ပြီး နှာခေါင်းနဲ့တရှုံ ့ရှုံ ့နမ်းရှိုက်နေရင်းမှ ရင်ခွင်ထဲခေါင်းတိုးဝှေ့ချွဲသည်။

"မောင့်!"

"ဘာလဲဗျာ.. ဘာလဲ ဘာလဲ။"

မျက်စိအလုံးစုံကိုမဖွင့်သေးဘဲ သူ့ခန္ဓာကိုယ်ထွားထွားကြီးက ဆူးရဲ့ရင်ခွင်အတွင်းကို မဆန့်မပြဲ တိုးတိုးဝင်နေ​ေတာ့သည်။

"နိုးထလာရတဲ့ မနက်ခင်းတွေက ပြောင်းပြန်ဖြစ်မနေဘူးလားဟင်.."

မော့ကြည့်လာသော မနက်ခင်း၏ရီဝေဝေမျက်ဝန်းတွေက အချိန်မရွေးဆွဲဆောင်နေသည်။ နက်​​ေမှာင်​​ေသာ ထိုရီဝေေ​ဝမျက်ဝန်းတွေဟာ ဘယ်နှချိန်၊ ဘယ်နှခါငေးကြည့်ကြည့် အမြဲပဲ ညှို့ယူငင်နိုင်လွန်းသည်။ မောင်ရဲ့မျက်ဝန်းညိုညိ​ု​ေတွမှာ ညှို့ဓာတ်တစ်မျိုး ကိန်းအောင်းနေပါ၏။

"မသိဘူးကွာ ကျော်ကတော့
သူများယောက်ျား​ေတွလို အမြဲတမ်း ကြမ်းရမ်းနေမဲ့ကောင်လည်းမဟုတ်ဘူး။ မောင့်ဆူး ရင်ခွင်ထဲကိုပဲ အချိန်​​ြပည့် တိုးဝင်ချွဲချင်​နေတဲ့ကောင်ဗျ။"

မောင်ကချစ်ချင်နေတဲ့အချိန် မဟုတ်ပါဘဲ ပုံမှန်အချိန်ဆို "ကျွန်တော်" သို့မဟုတ် "ကျော်"ဟုသာ သုံးနှုန်းချွဲတတ်သည်။ ၂၁နှစ်သား အဆိုးလေး၏ ကလေးဆန်သော ထိုအပြုအမူများကို ဆူးတစ်ယောက်ထဲသာလျှင် မြင်တွေ့ခွင့်ရှိပါ၏။

"ချွဲပါ ချွဲပါ၊ မောင်က ငါ့ကိုပဲဲအမြ​ဲချွဲ
ဟုတ်ပြီလား။"

POISONOUS DARLINGWhere stories live. Discover now