Part-(26)

11.1K 726 129
                                    

Unicode //

"ဟာ ဆရာလာပြီ ဆရာ.."

လုပ်ငန်းခွင်ထဲမှ ဖွံ့ဖွံ့ထွားထွားလူငယ်များ
ဂိမ်းကစားနေကြရာမှ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

"ဟေ့ကောင်! မင်းစွပ်ကျယ်တစ်ထည်ထဲနဲ့ ဗလတွေပြမနေနဲ့ဦး။ အကိုလေးက ဒီနေ့သူ့အမျိုးသားပါလာမှာမလို့ လုံလုံခြုံခြုံ၀တ်တဲ့"

ခေါင်းဆောင်ဖြစ်ဟန်သူ အမျိုးသားတစ်ယောက်က သူ့လက်အောက်မှလူငယ်များကို ဆူပူသည်။

"အမျိုးသား ဟုတ်လား၊ အကိုခက်"

"အေး အမျိုးသား၊ အရင်က သူ့အမျိုးသားနဲ့ရန်ဖြစ်ဖူးတဲ့ကောင်တွေကိုတောင် ရစရာမရှိအောင် ထိုးကျိတ်ပြီး အလုပ်ထုတ်ပစ်လိုက်တာကွ!"

ခက်၀လ္လာ၏ စကားကြောင့် လူငယ်ကောင်လေးရဲ့ မျက်ခုံးများ ပင့်တက်သွားရသည်။ သူတို့ဂိုဏ်း၏ခေါင်းဆောင်တဖြစ် ဆရာထန်ဦးခိုက်စေက သူ့အမျိုးသားကို အသက်လောက်ချစ်တယ်ဟု ကြားပဲကြားဖူးခဲ့သည်။

အကိုခက်၏စကားအရ တကယ်လက်တွေ့မှာတော့ အဲ့ဒီထက်တောင် ပိုချင်ပိုနေပါဦးမည်။

အကုန်လုံးထိုင်နေရာမှ ပေပွနေတဲ့ပစ္စည်းတွေကို အမြန်ရှင်းသူကရှင်းနှင့် ပြီးစလွယ်သိမ်းဆည်းလိုက်ရပါသည်။ ထို့နောက် စွပ်ကျယ်၀တ်ထားသူတွေက အပေါ်ထပ် ထပ်၀တ်ကာ သေသပ်စွာ၀တ်ဆင်သည်။ ဆရာ့ကား ခြံ၀န်းထဲ၀င်လာသည်နှင့်တပြိုင်နက် ဆရာလာမည့် လျှောက်လမ်းဘေး အကုန်မတ်တပ်ရပ်သွားစောင့်လိုက်ရသည်။

"ဟ ဆရာ့အမျိုးသားက တကယ်လည်းတယ်ချောတဲ့ ယောက်ျားပါလားကွ"

ခွပ်!

"မင်းစောက်ပေါက်ပိတ်လိုက်! ဆရာ့လက်ချက်ကြောင့် မသေချင်ရင်ပေါ့"

အကိုလေးရဲ့ရှေ့ မသေမသပ်အပြုအမူတွေရှိမည် စိုးတာကြောင့် တစ်ယောက်ချင်းစီ လိုက်ကြည့်၍စစ်ဆေးနေလေတုန်း ဂျောင်တစ်ဂျောင်ဆီမှအသံကထွက်လာသည်။ အကိုလေးအစား ဒုတိယခေါင်းဆောင်အနေနှင့် ခက်၀လ္လာလက်သီးကို သုံးလိုက်ရသည်။ အကိုလေးသာဆိုရင် လက်သီးသုံးမည်မဟုတ်ပါ။ ဒီထက်ဆိုးတာပဲ သုံးချင်သုံးပါလိမ့်မည်။

POISONOUS DARLINGWhere stories live. Discover now