Part - (33)

7.7K 375 25
                                    

Unicode //

ပြိုင်ကားအနီ​​ေလး၏ steering ကိုလက်ချောင်းရှည်များနှင့်လှည့်ကိုင်ရင်း ဆူးမောင်းနှင်လာခဲ့သည်။ လွတ်လပ်မှုများက ငယ်ဘဝကိုပြန်ခံစားရစေ၏။ သို့သော် ယခုတော့ ဆူးစိတ်ထင်တိုင်းကြဲလို့မရ​ေတာ့ပေ။ အရင်ကဆူးတစ်ယောက်ထဲ ဖြစ်သော်လည်းယခုမူ တစ်ယောက်ထဲမဟုတ်တော့​ေပ။ ဆူးအသွေးအသားတစ်ခု၊ ရင်သွေးတစ်ခု ဆူးနှင့်အတူရှိနေသည်။ ဒါဟာ အနီရောင်ဆူး စိတ်ထင်တိုင်းဆိုးလို့မရတော့တဲ့ အဓိကအချက်ပင်ဖြစ်သည်။

ဘယ်သူတွေကို ဘယ်လိုအရွဲ့တိုက်ချင်နေပါစေ ဆူးရင်သွေး၊အသွေးအသားကလေးကိုတော့ ဘယ်နည်းနဲ့မှမထိခိုက်စေလိုပါ။ မိဘ၏မေတ္တာကို ဆူးသိရှိခံစားလာရသည်။ ထိုအချိန်ကလည်း ဆူးအနေနဲ့မိဘတစ်ယောက်အဖြစ်ရောက်ရှိလာတော့မည့် အချိန်ဖြစ်သည်။ အချိန်တွေကအရာရာကို ပြောင်းလဲနိုင်စွမ်းပါသည်။ မကြာခင် ဆူးကိုယ်တိုင် မိဘတစ်ယောက်အနေနှင့် ရောက်ရှိတော့မည်မဟုတ်ပါလား။

လောကကြီးကိုအရွဲ့တိုက်တတ်တဲ့ အနီရောင်ဆူး။ အရှုံးမရှိ အမြဲတမ်းအနိုင်ယူခဲ့တဲ့အနီရောင်ဆူး။ ကမ္ဘာတစ်ခုရဲ့ဧကရာဇ်တစ်ယောက်ဖြစ်ခဲ့တဲ့ အနီရောင်ဆူးဆိုတဲ့ယောက်ျားဟာ ယခုတော့ မိဘဖြစ်လာတော့မှာပါလား။

ဆူး သက်ပြင်းတွေဘယ်နှကြိမ်မြောက်ချမိမှန်း မမှတ်မိတော့။ ဆူးအတွေးတွေ ဟိုးကောင်းကင်ပေါ်ကမဲမှောင်နေတဲ့ တိမ်တွေလိုပြေးလွှားနေ၏။ ဆူးအနာဂတ်ဟာလည်း အဲ့ဒီတိမ်မဲတွေလို မသေချာပါ။ ဆူးကိုယ်ဆူးမပိုင်သလိုခံစားရ၏။

ရေးနဲ့ရီလွန်ကိုတွေ့ဖို့ချိန်းဆိုရာကနေ ဆူး သွားမတွေ့မိသေး။ စိတ်လွင့်နေချိန်များဆို ဆူးစီးနေကျ ပြိုင်ကားအနီလေးကို နေရာအနှံ့လျှောက်ပတ်မောင်းတတ်သည်။ ဒီလိုနှင့် ညနေခင်းကနေ အမှောင်ဘက်ကိုလွှမ်းလာသည်။ နောက်ကျမှ ချိန်းဆိုနေရာကို ရောက်လောက်တော့မည်ထင်သည်။

"ဟေး ဆူး"

ရီလွန်လက်ပြလာသည်။

ရေးကလည်း မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး ဝီစကီတစ်ခွက်ကိုရေခဲစိမ်ကာသောက်နေသည်။

POISONOUS DARLINGWhere stories live. Discover now