Unicode //
မီးအိမ်မထွန်းထားတဲ့ အခန်းကျဥ်းထဲ အမှောင်ထုက တစ်စတစ်စပို၍ တိုး၀င်လာပါ
သည်။ လုံး၀မှောင်မိုက်နေတဲ့ အခန်းတွင်းမို့ အပြင်ကနေ ၀င်လာသူအဖို့ တန်းမြင်ရဖို့မလွယ်ကူပါ။ ကိုယ့်ဘက်သာတဲ့ အမှောင်အားကြောင့် အခန်းတွင်းက ကုတင်ပေါ် တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် မှောက်လှဲချပစ်လိုက်၏။"Fuck !"
ခေါင်းအုံးပေါ် မျက်နှာအပ်ရင်း နှုတ်မှ အဆက်မပြတ် ဆဲရေးသံများက ထွက်ပေါ်လာသည်။ သူ ဘယ်လိုတောင် အဲ့ဒီကောင်ဆီမှာ ခံလိုက်ရတာလဲ။ ဘယ်သူ့ကိုမှ အရှုံးမပေးတတ်တဲ့ အနီရောင်ဆူးလိုကောင်က ယောင်္ကျားတစ်ယောက်အပေါ် ဒီလို လွယ်လွယ်ကူကူနဲ့ အရှုံးပေးလိုက်တာ မဖြစ်သင့်ပါ။
"Fuck !!! ထန်ဦးခိုက်စေ Fuck !"
မှောက်ထားရာကနေ ပက်လက်လှန်ချပစ်လိုက်တော့ အမှောင်တွင်းလဲ့ခနဲ မျက်လုံးတစ်စုံကြောင့် လူက ထခုန်မိသွားရသည်။
"လီးလိုပဲ ..."
ပါးစပ်လှုပ်ရုံမျှ တိုးတိုးကျိန်ဆဲမိလိုက်သေး၏။
အခန်းထဲ လူ၀င်လာတာကိုသိလို့ ဆူးလည်း တိတ်တဆိတ်သာ နေလိုက်ပြီး တစ်ဖက်သို့
လှည့်ကာ ငြိမ်သက်နေမိ၏။ ထန်ဦးခိုက်စေနဲ့ ပက်သက်ပြီး ပြောစရာစကားဟူ၍လည်း ဆူးတွင် ရှိမနေပါ။"အိပ်နေပြီလား၊ မအိပ်သေးရင် မုန့်ဝယ်လာတယ်။"
မအိပ်သေးဘဲ အမှောင်ထဲကနေ စိုက်ကြည့်နေတဲ့ မျက်၀န်းတွေကို ဆူး ကြုတ်ကြည့်ပစ်လိုက်မိသည်။ နှုတ်ခမ်းကိုရှုံ့မဲ့လိုက်ကာ စိတ်ထဲမှ ထပ်ကျိန်ဆဲမိ၏။
ငိုးးမသား ထန်ဦးခိုက်စေ !သူလှဲအိပ်နေတဲ့ ကုတင်နားတိုးကပ်လာကာ ဂုတ်ပိုးပေါ် လေငွေ့နွေးနွေးက လာရောက်ရိုက်ခတ်နေ၏။ ဒါ ဆူး အိပ်နေခြင်း၊ မအိပ်နေခြင်း အတည်ပြု လာစစ်ဆေးတာပဲ ဖြစ်ရမည်။ အမှောင်ထဲမှာတောင် တစ်ချက်မျှ ခလုတ်မတိုက်၊ ကုတင်နားထိ ခြေသံမကြားအောင် တိုးကပ်ရဲပုံအရ ဒီကောင်က ဆူးထက်တောင်ပိုပြီး အမှောင်ထဲပိုကျင်လည်ပုံရသည်။
ခန္ဓာကိုယ်အပေါ် အုပ်မိုးလာတဲ့ အရာတစ်ခုကြောင့် ဆူး ဆတ်ခနဲလှည့်ကြည့်မိလိုက်တော့ အမှောင်ထဲ နီးကပ်လာတဲ့မျက်၀န်းတစ်စုံ။ စိမ်းသက်နေသေးတဲ့ ဒီမျက်၀န်းတွေက ဆူး အတွက်တော့ ရင်းနှီးစေတဲ့ အနံ့ကိုသာ ရစေပါသည်။ သူ့အနံ့က ဆူးကြိုက်တတ်တဲ့ chocolate cosmos ရနံ့မျိုး။ တဖြည်းဖြည်း နီးကပ်လာတာကို သတိထားမိတာမို့ ဆူး ခန္ဓာကိုယ်ကို ကျုံ့ကာအသက်ကိုပင် အောင့်လိုက်မိသည်အထိပင်။

YOU ARE READING
POISONOUS DARLING
Romance"နှလုံးသားတည့်တည့်ကို လာစူးတဲ့ဆူး။ မောင့်ရဲ့ဆူး။ အချစ်ဆိပ်တက်လို့ သေရင်သေသွားပါစေ။ ကျေကျေနပ်နပ်ကြီး အသေခံပါ့မယ် မောင့်ရဲ့ဆူးရယ်..." character name: ထန်ဦးခိုက်စေ × အနီရောင်ဆူး Started Date - Oct 23, 2021 End Date. - Nov 22, 2022