Part-(12)

17.6K 1.2K 76
                                    

Unicode //

"နိုးလာပြီလား"

ခေါင်းထက်မှာ ပတ်တီးဖြူကိုစီးလို့ ကုတင်ပေါ်မှာ အချိန်အတော်ကြာ မေ့မြောနေတဲ့လူက လှုပ်လှုပ်ရှားရှားနဲ့ ကုန်းထလာတော့ ကုတင်အနားကို တိုးကပ်သွားလိုက်သည်။

"အား"

"မမှတ်သေးတာလား ဇွတ်ကုန်းထနေတယ်!"

စိုးရိမ်စိတ်နဲ့ ပြောလိုက်မိပေမဲ့ မော့ကြည့်လာတဲ့ မျက်၀န်းအစုံတို့က မသာမယာနဲ့မို့ အခုခံစားနေရတဲ့ ခေါင်းကဒဏ်ရာနဲ့ ​ေ၀ဒနာတွေကို အစားသာခံစားပေးလိုက်ချင်မိသွားရသည်။

"မင်းဘယ်သူလဲ"

သူစိမ်းဆန်သော အကြည့်တို့က လူတစ်ကိုယ်လုံးပေါ်ကို စုန်စုန်ဆန်ဆန်ကျရောက်လာပြီး မသိဘာသာမေးမြန်းလာတာရယ်ကြောင့် ..

"ခင်ဗျားယောက်ျား!"

"ငါ့မှာ ယောက်ျားမရှိဘူး။"

ပြောပြီးနောက်မျက်နှာကို ချက်ချင်းလွှဲသွားသည်။ ကုတင်နောက်ကျောကို မှီလို့ရအောင် သူခေါင်းအုံးကိုထိုးပေးလိုက်တော့ အလိုက်သင့်မှီလှဲလာပါသည်။
ရုတ်တရက်အနီရောင်ဆူးကိုစချင်လာတာကြောင့် သူရယ်မိသွားရသည်။

"အဟား ဟား ဟား ဟားဟား"

"ဘာရယ်တာလဲကွ"

ဒေါသထွက်လာတဲ့အခါ နားရွက်ဖျားလေးကစရဲလာကာ နားရွက်တပြင်လုံးကပါ ရဲလာတတ်သည်။ နှာသီးထိပ်ဖျားလေးပါ နီရဲလာကာ ပါးပြင်လေးတွေပါ သွေးရောင်လွှမ်းသွားတတ်၏။ အနီရောင်ဆူးက ဒေါသထွက်တဲ့အချိန်ဆို သိပ်လှပါသည်။ ထိုအလှတရားလေးကိုမြင်ချင်လို့ပဲ သူစနောက်မိတာဖြစ်၏။

ဒေါသထွက်တဲ့လူကို တမင်ထပ်စချင်နေတာကြောင့် အရယ်မပြတ်ဘဲ အားရပါးရ ထပ်အော်ရယ်ပြလိုက်တော့ နှုတ်ခမ်းလေးတွေပါ တဆတ်ဆတ်တုန်လာပါတော့သည်။

"ခွေးလိုကောင်! ဘာရယ်​ေနတာလဲလို့"

"သြ... အတိတ်မေ့တဲ့လူက ဆဲဖို့ကျမမေ့ဘူးပဲဗျ။"

အကြံအစည်နောက်တစ်မျိုး မအောင်မြင်တာကြောင့် ဆူး စိတ်တိုကာသာ လက်ပိုက်ရင်းတစ်ဖက်ကိုမျက်နှာလွှဲလိုက်မိ၏။
ဒီလောက်လည်လွန်းတဲ့ကောင်!
အတိတ်မေ့ချင်ယောင်လည်း ဆောင်လို့မရ၊ ထွက်ပြေးလို့ကလည်းမရ။ ဘယ်လို၀ဋ်ကြွေးမျိုးလဲ ငါလိုးမလောကကြီးရေ။

POISONOUS DARLINGWhere stories live. Discover now