Part-(11)

16.7K 1.2K 35
                                    

Unicode //

ထွက်သွားတဲ့လူက ထွက်သွားရင် ခြောက်သွေ့တဲ့ အိမ်အိုကြီးထဲမှာ ကျန်နေခဲ့ရတာက 'ဆူး' တစ်ယောက်ထဲပါပဲ။ ထန်ဦးခိုက်စေ ခေါ်လာတဲ့အတိုင်း 'ဆူး' ဒီအိမ်ထဲကို ရောက်ရှိနေခဲ့တာ နှစ်ရက်မြောက်တဲ့နေ့။ ယောင်္ကျားတစ်ယောက်ကို ယောင်္ကျားတစ်ယောက်က ခိုးပြေးလာတယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ ဟုတ်ရင်လည်း ဒါကဆူးရဲ့ဆန္ဒမပါဘဲ ခိုးပြေးတာပဲဖြစ်လိမ့်မည်။

သူထားတဲ့အတိုင်း အိမ်တွင်းပုန်းနေ,နေရအောင်လည်း ဒီကောင်က စောက်ရူးမဟုတ်။ ပြတင်းကနေ ပတ်၀န်းကျင်ကို အနည်းငယ်စူးစမ်းမိတော့ အိမ်နဲ့အတန်ငယ်​ေ၀းတဲ့ နေရာတွေမှာ အိမ်ခြေအနည်းငယ်ကို
​မြင်တွေ့ရသည်။ ဘယ်နေရာ၊ ဘယ်အရပ်ဒေသ ဆိုတာတော့ 'ဆူး' သေချာ မခန့်မှန်းတတ်ပါ။ မျက်စိတလျှောက်မြင်နေရသမျှ စိမ်းစိုနေတဲ့ သစ်ပင်အများအပြားသာရှိပြီး အိမ်ခြေကလည်း အတော်နည်းတော့ နယ်မြို့လေးတစ်မြို့သာ ဖြစ်လိမ့်မည်ထင်၏။

စစ်မရောက်ခင် မြှားကုန်နေလို့ကမဖြစ်ပါ။
မကြိုးစားဘဲနဲ့ သက်ပြင်းပဲ အကြိမ်ကြိမ်ချနေလို့လည်းမရ။ ထွက်ပြေးဖို့ တစ်ကြိမ်တစ်ခါတော့ ဆူး ကြိုးစားကြည့်သင့်ပါသည်။ ဒီကောင်က ဒီလိုမှမလုပ်ရင် ယောက်ျားတစ်ယောက်ရဲ့လက်ထဲ အပါခံရတော့မှာလေ။ မဖြစ်၊ အချိန်ဆွဲနေလို့ လုံး၀မဖြစ်။ သူထွက်သွားနေတုန်း ရသမျှအချိန်တွေကို ကုပ်တွယ်ပြီး အဆုံးထိကြိုးစားကြည့်ရမှာပါပဲ။ ပိတ်ထားခဲ့တဲ့ အခန်းတံခါးကို အားနဲ့တွန်းတိုက်ဖွင့်ကြည့်လိုက်တော့ အနည်းငယ်ဟသွားတဲ့ တံခါးက သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။ အပြင်ကခတ်ထားတဲ့သော့ကို အထဲကနေ တွန်းဖြတ်ပြီးဖွင့်ကြည့်ဖို့ကတော့ မလွယ်ကူလောက်ပါ။ ပြတင်းပေါက်အောက်ကို ငုံ့ကြည့်လိုက်တော့ မြင့်သည်ထက်ပိုတဲ့ နှစ်ထပ်မြောက်ကြား မြေပြင်အကွာအ​ေ၀းကို ဆူး မရ,ရအောင် ခုန်ဆင်းကြည့်ဖို့ ကြိုးစားသည်။ အနီရောင်ဆူးက အားရှိတဲ့ ဇနဲ့ယောက်ျားသားတစ်ယောက်ပါ။ မဖြစ်နိုင်ဘူးဆိုတာ အနီရောင်ဆူးရဲ့ဘ၀မှာမရှိ။ မဖြစ်သေးတာပဲရှိပါလိမ့်မည်။ ယောက်ျားအားနှင့် မရ,ရအောင် ကြိုးစားပြီး ထန်ဦးခိုက်စေ လက်ထဲက လွတ်မြောက်အောင်ကြိုးစားရမည်။

POISONOUS DARLINGWhere stories live. Discover now