Part -(37)

8.8K 397 17
                                    

Unicode //

"ဟုတ်တယ်၊ ဆူးကိုငိုအောင်လုပ်ခဲ့တဲ့လူက အဲ့ဒီလူပဲ။ သူ့ကိုဆူးမမြင်ချင်ဘူး"

ထန်ဦးခိုက်စေဘာမှမဖြေနိုင်ဘဲ တွေဝေနေမိတဲ့အချိန်တွင် ဆူးရောက်လာပြီး သူနှင့်သားရဲ့ကြားကိုဝင်ဖြေရှင်းသည်။ ထိုမှသာ ဟန်ဦးခိုက်စေ၏ သံသယအကြည့်များလျော့ကျသွားတော့၏။ သားက မုန်းနေမှာကိုမလိုလားလို့ ဆူးကသူကိုယ်တိုင်မုန်းပြနေရခြင်းပဲ ဖြစ်မည်။

ပန်းများအပြည့်ဖြင့် ထိုခြံဝန်းကလေးထဲက သူ့ခြေလှမ်းမျာ​းတိတ်တဆိတ်ထွက်လာခဲ့သည်။ မောင့်ဆူးနှင့်သားရဲ့ဘဝထဲကို ပြန်ဝင်ဖို့ဆိုတာကမလွယ်ကူလှပါ။ ခံစားချက်တွေကအရေးကြီးသလို ဆန္ဒတွေကလည်းအရေးကြီးပါသည်။ မောင့်ဆူးကလက်ခံပေးတယ်ဆိုဦး သားကရော..သူ့ကိုလက်ခံပါမတဲ့လား။ သားက ကလေးတစ်ယောက်ပဲရှိနေသေးသည်။ ကလေးတစ်ယောက်၏ရင်တွင်း၌ နာကျင်ခံစားရစေမည့် မည်သည့်တစုံတရာမှသူမပေးစေလိုပါ။

"နေပါဦး။ ခင်ဗျားက ကျွန်​ေတာ့်ဆူးကိုငိုအောင်လုပ်ခဲ့တယ်လို့ပြောလိုက်တာလား။"

ခြံဝတွင်ရှိနေသေးသောသူ့နောက်ကို ဟန်ဦးခိုက်စေအပြေးလိုက်လာသည်။ သိချင်စောလောကြီးကာ ပြေးလာပုံကြောင့် ရှေ့ဆံပင်တိုတိတိအောက်ကနဖူးပြင်က ချွေးစအနည်းငယ်ရှိနေသည်။

"အင်း"

"ဒါဆိုဘယ်လိုမျိုးလဲ။ ခင်ဗျားကဆူးကိုဘယ်လိုမျိုးငိုအောင်လုပ်ခဲ့တာမလို့လဲ။

ထိုအမေးစကားက သားဘာမှမသိသေးဘူးဆိုတာကိုသေချာစွာညွှန်ပြနေသည်။ ဒါဆိုသူ့မှာကြိုးစားခွင့်နေသေးသည်လား။ သားရဲ့သူငယ်ချင်းဆက်ဖြစ်ခွင့်၊ မောင့်ဆူးရဲ့အမျိုးသားအဖြစ်ရှိနေခွင့်။ ထန်ဦးခိုက်စေ သားကိုလှိုက်လှိုက်လှဲလှဲပြန်လည် ပြုံးပြလိုက်ပါသည်။

"ဒါကိုမေးဖို့ ပြေးလိုက်လာတာလားကွ။"

"ဟုတ်တယ် ကျွန်တော်လည်းသိချင်တယ်။"

သိချင်စိတ်ပြင်းပြသော ဟန်ဦးခိုက်စေ၏မျက်ဝန်းအညိုရောင်များမှာ သူနှင့်တူညီစွာတောက်ပနေသည်။

POISONOUS DARLINGWhere stories live. Discover now