Part-(20)

15.7K 1K 84
                                    

Unicode //

"မင်းဒီနေ့အလုပ်ရှိတယ်ဆို စေစေ။"

မေမေ့အပြောကြောင့် လှေကားထစ်ကိုချိုး၍ အောက်ဆင်းမည့် သူ့ခြေလှမ်းတွေကိုရပ်တန့်ကာ အပေါ်ပြန်ကြည့်လိုက်သည်။

"ကျွန်တော် ဆူးကိုစိတ်မချလို့။"

အမေးနှင့်အဖြေက တလွဲစီပင်ဖြစ်သည်။ ပြောချင်တာက သူအလုပ်ကိစ္စရှိပြီးသွားရမည်ကို အိမ်မှာ အနီရောင်ဆူးကို ထားပစ်ခဲ့ဖို့ စိတ်မချဖူးဟု ဆိုလိုချင်နေတာပင်။ ဒါဆိုလည်း ရင်ခွင်ထဲပိုက်ပြီးသာ ခေါ်သွားဟု ပြောပစ်လိုက်ချင်သည်။

ဒေါ်ပုလဲတင် ခပ်မဲ့မဲ့ပြုံးလိုက်သည်။ ဒီကောင်လေး အချစ်စိတ်မှာ တော်တော်ကိုနစ်မွန်းနေပြီပဲ။

"စိတ်မချရအောင် ငါက ကလေးမဟုတ်ပါဘူး။"

ကြားဖြတ်၀င်လာတဲ့ အသံပိုင်ရှင်ကြောင့် သူထပ်မံလှည့်ကြည့်မိရာ ယခုမှအခန်းထဲက ထွက်လာပုံရသည်။

ဧည့်ခန်းမှာ မဟုတ်ဘဲနဲ့ ကျွန်းလှေကားထစ်တွေရဲ့ အသွားလမ်းမှာ ရပ်တန့်ငေးမောမိနေတဲ့တခဏ။

"ကလေးထက်ကိုဆိုးတာ မောင့်ဂျစ်တူးလေးက!"

ဆူးကို ပြောသလိုလိုနှင့် သူကခေါင်းငုံ့ပြီးခပ်တိုးတိုးရေရွတ်သည်။

"ဘာပြောတယ်ကွ"

နားလျင်သော သူ့ရှေ့တွင် ဘယ်အရာကိုတောင်မှ စိတ်ထဲက မတရဲတော့ပေ။ တော်ကြာ! မျက်လုံးတွေထဲကနေ နှလုံးသားထဲထိ ဖောက်ထွင်းမြင်နေရမှဒုက္ခ။ တော်ကြာ! မောင့်အချစ်တွေ ဘယ်လောက်နက်ရှိုင်းကြောင်း နစ်နစ်နဲနဲ မင်းမြင်သွားရမှဒုက္ခ။

*ဒါဆို မင်းမောင့်ကို ဒီထက်ပိုစွဲလမ်းသွားရလိမ့်မယ် မောင့်ဆူး။

"မေမေ ကျွန်တော်ဒီနေ့အလုပ်ကိစ္စနဲ့ အပြင်သွားစရာရှိတယ်။ ဆူးကို ဂရုစိုက်ပေးပါ။"

သူ့အပြောကို မေမေကခေါင်းငြိမ့်အဖြေပေးတော့ ကျန်နေခဲ့တဲ့လူကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ရင်း စိတ်ချလောက်ပြီဆိုမှ အောက်ထပ်ကိုဆင်းလာကာ ကားဆီဦးတည်လာခဲ့တော့သည်။

POISONOUS DARLINGWhere stories live. Discover now