Part-(5)

22.3K 1.3K 30
                                    

Unicode

" I' m a Loser ... "

ရန်ကုန်မြို့ကြီး၏ ညလမ်းမပေါ်မှာ ပြိုင်ကားအနီလေးက မီးကုန်ယမ်းကုန်နဲ့ တလွှားလွှား မောင်းနှင်လျက်ရှိသည်။ မောင်းသူ၏ မျက်နှာထက်၀ယ် အပြုံးမမည်တဲ့ အပြုံးတစ်ခုကိုသာ ဆင်မြန်းထားလျက်။ BIGBANG ရဲ့ LOSER သီချင်းကို ကားအတွင်း ကျယ်လောင်စွာဖွင့်ရင်း အော်သည်းလိုက်ဆိုနေမိသည်။

တရိပ်ရိပ် ပြေးလွှားနေတဲ့ ကားလေးထဲ တိုး၀င်လာတဲ့ လေပြေတွေက ဒီလူရဲ့ အပူမီးကိုတော့ မငြိမ်းသတ်နိုင်ခဲ့ပေ..။

ပုံမှန်ထက် ပြင်းတဲ့အရှိန်နဲ့ မောင်းနှင်နေတဲ့ ပြိုင်ကားအနီလေးက အနက်ရောင်ပြောင်လက်နေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ ၀ှီးခနဲပြေးလွှားနေသည်။
ကားအမိုးကိုဖွင့်လိုက်တော့ ပြင်းစွာအရှိန်နဲ့ ၀င်ရောက်လာတဲ့လေ​ပြင်းများက ချောမောလှတဲ့ မျက်နှာထက်မှာ အလုအယက်ပွတ်တိုက်ပြေးလွှားကြသည်။

ဦးတည်ရာမရှိ ရွက်လွင့်နေတဲ့ကားလေးက နောက်ဆုံး ဒလမြစ်ရှိရာဘက် မျက်နှာမူပြီး တုံ့ခနဲ ရပ်တန့်သွားသည်။ မနိမ့်မမြင့် ပြိုင်ကားတံခါးလေးပေါ်က ခုန်ကျော်ထွက်လာပြီး ဆူး ပုံစံကအလောတကြီး ဖြစ်​​ေနသည်။

" Fu*k !!! "

လောကကြီးကို ကျိန်ဆဲပစ်မိသည်။ ပူပြင်းနေတဲ့ သူ့စိတ်ကို မြစ်ပြင်ကျယ်ကိုတိုက်ခတ်လာတဲ့ အေးအေးစက်စက် လေထုကလည်း မငြိမ်းသတ်စေနိုင်ခဲ့။ ဒလဆိပ်ကမ်းဆိုက်တဲ့ သင်္ဘောတွေကလည်း မြစ်ရေပြင်ကျယ်ထဲမှာ မီးတမှိန်မှန်နဲ့ပင် တရွေ့ရွေ့ သွားနေကြသည်။

မဟူရာကောင်းကင်ကြီးကို မော့ကြည့်ပါတော့ ကြယ်လေးတွေက အရောင်မှေးမှိန်စွာ ဆူးကို ပြုံးပြကြသည်။ ဆူးမှာ ပြုံးပြဖို့အင်အားရယ် မရှိ။ အားရှိပါးရှိ မြစ်ပြင်ဘက်ကို မျက်နှာလှည့်ပြီး အသံကုန်ခြစ် ကုန်းအော်ပစ်လိုက်ပါသည်။

ကြမ်းတမ်းစွာ ခရီးနှင်လာတဲ့မြစ်လေတွေက ဆံပင်အနက်ရောင်ပေါ် မဟော်ဂနီရောင်highlighs ေဖာက်ထားတဲ့ ဆံနွယ်တွေကြားအသာတစီး ပြေးလွှားတိုက်ခတ်လာကြသည်။ မျက်နှာချောချောပေါ် ၀ဲကျလာတဲ့ ဆံနွယ်တွေကို လက်နဲ့သပ်ဖယ်ရင်း စိတ်ထဲမှာ စွန်းထင်းသွားတဲ့ အမည်းစကိုလည်း သပ်ဖယ်ချပစ်ချင်မိပါသည်။

POISONOUS DARLINGWhere stories live. Discover now