Part- (38) Final

22.9K 633 41
                                    

Unicode //

ဆောင်းအကုန် ​​ေနွဦး၏အငွေ့အသက်တွေက တဖြည်းဖြည်းလွှမ်းခြုံလာပါသည်။
ခင်မောင်တိုး၏ ကြိုးကြာသံသီချင်းက ဘေးစားပွဲခုံပေါ်ကရေဒီယိုလေးထံမှ အခန်းငယ်​လေးအတွင်း တစိမ့်စိမ့်ပျံ့နှံ့လာတော့သည်။

ကော်ဖီခွက်ကိုကိုင်ထားရင်း နောက်မှီကုလားထိုင်ပေါ်တွင်ထိုင်ကာ အပြင်ဘက်ကိုငေးကြည့်လိုက်မိ၏။

"မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမပေါ်ဖြတ်ပျံရင်း..."

အဆိုရှင်ခင်မောင်တိုး၏ အေးဆေးသာယာ
ငြိမ့်ညောင်းသောအသံကို သူသဘောကျနှစ်ခြိုက်မိသည်။ ကြိုးကြာသံသီချင်းကို ဖေဖေရှိစဉ်ကတည်းက ထပ်တလဲလဲနားထောင်ခဲ့ရ၍ သူအလွတ်ပင်ရနေလေပြီ။ အသံပျံ့လွင့်လာရာ စားပွဲပေါ်မှရေဒီယိုဟောင်းလေးကို သူငဲ့ကြည့်လိုက်သည်။

" သားဖောက်ရာအရပ်ဆီ မိုင်ထောင်ချီပျံလေပြီ... ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်.. "

ရေဒီယိုအဟောင်းလေးဟာ သူ့တာဝန်သူဆောင်ရွက်နေသည့် အလား သီချင်းသံများအား ပျံ့နှံ့လျက် ဘေးပတ်ဝန်းကျင်အား လွှမ်းမိုးစေသည်။

"အရှုံးနဲ့အောင်မြင်ခြင်းဟာ... ရှိသင့်တဲ့အားနဲ့မာန် ဟန်နိုင်မှ.. 🎶"

ကုလားထိုင်လက်ရန်းပေါ်ကို လက်ချောင်းများဖြင့် တီးခေါက်ရင်း သံစဉ်တချို့ကို သူလိုက်ညည်းဖြစ်သည်။

ဖခင်ဖြစ်သူကိုသတိတရရှိမိတိုင်း ထိုသီချင်းကိုနားထောင်ဖြစ်ပါသည်။ ဒေါ်ပုလဲတင်ဆိုသည်မှာ တကယ်တော့ထန်ဦးခိုက်စေနှင့် မည်သို့မှသွေးသားမဆက်နွယ်သော သူစိမ်းတစ်ယောက်သက်သက်သာ ဖြစ်ခဲ့သည်။
ဒေါ်ပုလဲတင်သည် တစ်ယောက်တည်းသာလျှင် မတည်နိုင်သောသစ္စာများကိုတည်နေခဲ့ပါသည်။ တစ်ယောက်တည်းရှင်သန်နေထိုင်ခဲ့သည်။

အမှန်တကယ်ဆိုဖေဖေသည် ဒေါ်ပုလဲတင်၏ သူငယ်ချင်းတစ်ဦးဖြစ်ခဲ့သည်။ ဖေဖေသည်နိုင်ငံခြားကိုထွက်မသွားခင်အချိန်တွင် သူနှင့်မမကိုဒေါ်ပုလဲတင်ထံတွင် ခဏထားရစ်ခဲ့ရသည်။ နောက်ဖေဖေသူတို့ကိုနှုတ်ဆက်ကာ ထွက်သွားခဲ့တော့သည်။ ထိုနှုတ်ဆက်ထွက်ခွာခြင်းက တစ်သက်လုံးအတွက်ဖြစ်မည်ဆိုတာကို သူကြိုသိခဲ့လျှင်တားခဲ့မည်ထင်သည်။ အက်စီးဒင့်တစ်ခုကြောင့်လမ်းခရီးတွင် လုံးဝအသက်ဆုံးရှုံးသွားခဲ့ရပါသည်။

You've reached the end of published parts.

⏰ Last updated: Feb 21, 2023 ⏰

Add this story to your Library to get notified about new parts!

POISONOUS DARLINGWhere stories live. Discover now