Part-(34)

7.1K 387 15
                                    

Unicode //

ဆူးရှိရာဆီသို့ ရေးနှင့်ရီလွန်ကအပြေးရောက်ရှိလာကြသည်။ ထိုနေရာမှာပဲ ဒူးထောက်လျက်သားနဲ့ ငိုရှိုက်နေခဲ့တာဟာအချိန်ဘယ်လောက်ကြာသွားခဲ့ပြီလဲ ဆူးမသိပါ။ ခန္ဓာကိုယ်တစ်ခုလုံးက အချိန်ကြာကြာဒူးထောက်လျက်သားရှိနေတာတောင်နာကျင်မှု မရှိပါဘဲ နှလုံးသား၏တစ်နေရာကသာနာကျင်မှုရှိနေခဲ့ပါသည်။ နစ်ခနဲ၊စူးခနဲ တစ်ချက်တစ်ချက်အောင့်မျက်စွာနှင့်နာကျင်ရသည်။ ဖော်မပြတတ်လောက်သော နာကျင်မှုကိုခံစားနေရသည်။

"အနိုင်လိုချင်တဲ့လူကငါဖြစ်နေပြီး ဘာလို့ငါကငိုနေရတာလဲ။"

"နာကျင်အောင်လုပ်တဲ့လူကငါဖြစ်နေပြီး ဘာလို့.. ဘာလို့ငါကပဲနာကျင်နေရတာလဲကွာ။"

ခံစားချက်တွေကိုအောင့်မျက်မထားနိုင်တော့ဘဲ ဖွင့်ဟစ်ချမိသည်။ ဒီခံစားချက်တွေကို သူမလိမ်ချင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လိမ်နေရတာက ဘာလို့အဲ့ဒီလောက်ခံရခက်နေရတာပါလိမ့်။

ဆူး ငိုနေသည်ကိုငေးကြည့်နေကြရင်း ရေးနှင့်ရီလွန်ကပွေ့ဖက်နှစ်သိမ့်ပေးလာသည်။

"ငါတို့ရှိသေးပါတယ်ကွာ။ ခံစားချက်တွေကိုမြိုသိပ်မထားပါနဲ့။"

"ဟောဒီရင်ဘတ်ထဲက ဘာလို့အဲ့ဒီလောက်နာကျင်နေရတာလဲ။ ဘာလို့အဲ့ဒီလောက်ခံရခက်နေရတာလဲ။"

"ငါပျော်နေသင့်တာမဟုတ်ဘူးလား။"

ကျဆင်းနေသောမျက်ရည်ပူများကို သုတ်ချရင်း ရေးနှင့်ရီလွန်ကိုမော့ကြည့်ဖြစ်သည်။ ရေးနှင့်ရီလွန်က သူ့ကိုနားလည်သလိုနှင့် အားတင်းပြုံးပြကြသည်။

"ဟမ် ငါပျော်နေသင့်တာမဟုတ်ဘူးလား။ မင်းတို့ပြောကြလေ.."

"ကိုယ့်ကိုယ်ကိုယ်မလိမ်စမ်းနဲ့ဆူးရယ်။ မင်းပိုခံစားရလိမ့်မယ်။"

ရီလွန်ကဆူး၏လက်ကို ဖစ်ညှစ်ဆုပ်ကိုင်ရင်း ဘေးနားတွင်ထိုင်ချလာသည်။ ရေးကပါ သူတို့နှစ်ဦးသားရဲ့ဘေး တူတူထိုင်ချလာ​တော့သည်။

"ဒါဝဋ်ကြွေးလား.."

ဆူးငိုရှိုက်ရင်း ဝဋ်​ကြွေးတစ်ခုဖြစ်ဖို့ကိုဆုတောင်းမိသည်။

POISONOUS DARLINGWhere stories live. Discover now