Part-(24)

12.8K 778 89
                                    

Unicode //

အချစ်၏လက်ကိုဆွဲ အ၀တ်ထုပ်ကိုဆွဲ၍ ရောက်ရှိလာခဲ့သောထိုနေရာကား သူတို့၏အချစ်အိမ်ပင်။

"ရောက်ပြီ မောင့်ဆူး"

ပထမဆုံး မောင် ဆူးကိုခိုးပြေးလာခဲ့ပါသော ထိုအိမ်။ ပျဥ်ထောင်အိမ်ကလေးကို တစ်ချက်မော့ကြည့်လိုက်သည်။ နွေးထွေးမှုအပြည့်နှင့် အမှတ်တရပေါင်းများစွာက စီးလင့်ကြိုနေ၏။ မောင်နှင့်ဆူးတို့၏ မုန်းပင်စိုက်ပျိုးခဲ့သော ထိုနေရာ။
နွေးထွေးမှုရှိလှသောထိုနေရာကို အိမ်ဟုခေါ်ပါသည်။

အိမ်လေးကို တစ်ချက်မော့ကြည့်ရင်းနီစွေးသော နှုတ်ခမ်းပါးတို့က ပြုံးမိသလားမသိ။

"ဒါ မောင်တို့အိမ်ပဲ!"

ဘေးနားမှ မောင်လည်းသူ့နည်းတူ အိမ်ကလေးကိုငေးကြည့်ရင်း ပြောလာသည်။

"မင်းတကယ်ပဲ ငါ့အတွက်အရာရာကို စွန့်လွှတ်နိုင်တယ်လား မောင်"

ရှေ့တည့်တည့်ကိုငေးကြည့်နေသော ထိုမျက်၀န်းညိုများ ဆူးဘက်ကိုလှည့်လာ၏။ မျက်၀န်းညိုတွေက စကားပြောတတ်သလား။ နှလုံးသားကပဲတဆင့်နားလည်တတ်သလား။

"ဆူးသာမောင့်လက်ကို မြဲအောင်တွဲထားပါ။ မောင်က အရာရာကို စွန့်လွှတ်နိုင်တယ်!"

ဒီစကားကို မောင်ပြောခဲ့တာ နှစ်ကြိမ်မြောက်။ မျက်၀န်းညိုတွေကနေ တဆင့်ပြောခဲ့တာကတော့ နှစ်ကြိမ်မကတော့ပါဘူး။ သို့ပေသိ အရာရာဟာ မောင့်ကြောင့်ပဲ ဆင်ခြင်တုံတရားကင်းမဲ့ရသည်။

မောင် သူ့လက်ကိုလာဆွဲကိုင်ရင်း ထိုစကားကို ပြောခဲ့သည့်အချိန်မတိုင်ကတည်းက သူဟာ မောင့်လက်ကို ဘယ်တော့မှမလွှတ်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်သည်။ ခိုင်မာသည့်ဆုံးဖြတ်ချက်၊ ခိုင်မာသည့်တွဲလက်များ။ အရာရာဟာ မောင့်ကြောင့်ဖြစ်ပေါ်လာ၏။

"တကယ်ပဲမြဲအောင်တွဲနိုင်ပါ့မလား မောင်။နိဗ္ဗာန်အထိလေ။"

"နိဗ္ဗာန်ကိုအသာထား မင်းသာမောင့်လက်ကို မြဲအောင်တွဲထားပါ၊ မောင်ကသံသရာတဆုံးထိ ဆက်လျှောက်သွားမှာ..."

POISONOUS DARLINGHikayelerin yaşadığı yer. Şimdi keşfedin