Part-(15)

17.4K 1.1K 80
                                    

Unicode//

မကြာခင် ကျယ်ဝန်းလှတဲ့ ခြံကျယ်ကြီးထဲ အမိုးပေါ်မှာ တက္ကဆီဆိုင်းပုတ်တပ်ထားတဲ့ ဘင်န်ကား အဖြူလေး တလှိမ့်လှိမ့်စီးဝင်လာလေသည်။

'ဆူး' back seat မှာထိုင်လိုက်လာတာကြောင့် မောင်းသူနေရာကလူတစ်ယောက်ကတော့ မလိုမကျစွာ မျက်ခုံးတန်းနက်နက်တွေကို တွန့်တွန့်ချိုးထားလျက်။ နောက်ကြည့်မှန်ထဲကနေ လူကို ချောင်းကြည့်နေတဲ့ မျက်ဝန်းအရိပ်တွေကို မြင်လိုက်ရသော်လည်း သူကပဲခိုးမကြည့်သလိုမျိုး အကြည့်တွေ အရင်ဦးစွာ လွှဲဖယ်ဖယ်သွားတဲ့လူရယ်ကြောင့် 'ဆူး' မျက်ဝန်းများ ရယ်မြူးရိပ်သမ်းနေပေလိမ့်မည်။

ကားလေးက ပေါ်တီကိုအောက်ထိုးရပ်သွားတော့ သူ့အိမ်ထဲအလည်လိုက်လာတဲ့ ဧည့်သည်ကိုအလိုက်သိစွာ ကားတံခါးဖွင့်မခေါ်ဘဲ အရင်ဆုံး ရှေ့ကနေ ဘောင်ဆတ်ဘောက်ဆတ် ခြေလှမ်းကျဲကြီးတွေနဲ့ လမ်းလျှောက်လို့သွားသည်။

ကားထဲက မထွက်ခင် နောက်ခန်းက ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး မထိုးတတ်၊ ထိုးတတ်မျက်စောင်းကြီးနဲ့ မျက်နှာလွှဲသွားသေး၏။
ဒါဘာသဘောလဲ? ရည်းစားလဲမဟုတ်ဘဲ သူစိတ်ကောက်ပြနေတာလား။ သူ့ဘေးနားက ထိုင်မလိုက်ဘဲ နောက်ခန်းကထိုင်လိုက်လာတာကို အလိုမကျ ဖြစ်နေတာလား။

စိတ်ကောက်ရင်လည်း လဲသေလိုက်! ဒီကောင် အနီရောင်ဆူးက က​လေးမချော့တတ်ဘူး။အဟွန်း!

နောက်ကိုတောင် လှည့်မကြည့်ဘဲ တိုက်ထဲ တစ်ချိုးထဲ ဝင်သွားတဲ့လူကို မကျေမနပ်ဖြစ်မိတာကြောင့် မဆိုင်တဲ့ ကားတံခါးကို ဒေါသထွက်မိကာ ခြေထောက်နဲ့ ပိတ်ကန်ခဲ့လိုက်သေး၏။

"အာ့ ငါလိုး"

နာသွားတဲ့ ခြေထောက်ကို ကြည့်မိခါမှ Shoeမဟုတ်ပါဘဲ ပုဆိုးနဲ့လိုက်ဖက်တဲ့ ဆင်ကြယ်စီးလာခဲ့ရတာပါပဲ။ ကျစ်! ပြဿနာက အဲ့ဒီက စတာပဲ။

*****

"ငါပုဆိုးမဝတ်တတ်ဘူး ဟေ့ဟျောင်"

"ကျွတ်ရင်ကိုယ်ဝတ်ပေးမယ် ဘေဘီ့ကို။"

နောက်ဆုံးသော သုံးနှုန်းလာတဲ့ အခေါ်အ​ဝေါ်ကြောင့် မျက်လုံးနဲ့စိုက်ကြည့်ပစ်လိုက်တော့ မချိုမချဉ်မျက်နှာဘေးနဲ့ မသိသလို လက်နဲ့ဆံပင်လှန်သပ်နေ၍ မျက်စိတစ်ဖက် မှိတ်ပြလာလေရဲ့။ တကယ့်ကောင်! ဘယ်လို မျက်နှာရူးလေးမှန်းမသိ။

POISONOUS DARLINGWhere stories live. Discover now