part11(zawgyi)

2.8K 28 0
                                    

Love + Love
|Author Blackclock

  " အွင့် အဟွက်……"
"ဟင် သွေး"

    "ဟင့်အင်း……"
  သွေး တစ်ယောက် ကြောက်လန့်တကြား
ဖြစ်နေပုံ။ သူ အတော်ဒေါသထန်နေခဲ့ပြီ
ထင်ရဲ့။

  " ဘာဖြစ်တာလဲကွာ ဦးက စတာပါကွ ဟင်"
"ဟင့် ဟင်း…… ဦးကို သွေး ကြောက်တယ်"

       ရင်ခွင်ထဲမှာ ကြောက်ရွံ့ရွံ့ကလေး ငို
နေတဲ့ ကလေးမ။

  " ဟာ မငိုပါနဲ့ကွာ ဘာလဲ ဒီလက်နက်
ကြောင့်လား အင့်ကွာ လွင့်ပစ်လိုက်ပြီ
တိတ်တော့ကွာနော်"
"အဟင့် ဟင့်"

    ဦးညှို့နက် ပြောသော်လည်း မရ။
သူမ မျက်ရည်တို့ တပိုးတပေါက် ကျ
နေဆဲ။

  " ဟာ တော်ပြီဆိုကွာ ကိုင်း ဒါဆို ဦး
မလုပ်တော့ဘူး နော် နော် ဦး ကြမ်းတာ
နည်းနည်းလွန်သွားတယ် ထင်တယ်"

   ဦးညှို့နက် သိမ်မွေ့သော စကားလုံးတို့
ကို ရင်ထဲက မလာသည့်ဟန်နဲ့ ပြောနေ
လေတော့သည်။ သွေး ကိုယ်ပေါ်က ဖယ်ခွာ
လို့ အိပ်ခန်းထဲက ထွက်သွားဖို့ ပြင်နေလေသည်။

  " ဦး "

  ဒီလိုဆိုတော့လည်း ထွက်သွားသူ နောက်ကျော
ကို အဝတ်စလစ်နဲ့ ကျန်ခဲ့သူ သွေး တစ်ယောက်
ထ ပြေးဖက်ထားလေရဲ့။

  " သွေးကို ဘယ်လိုပဲ ဒဏ်ခတ်ခတ်
သွေး ခံယူပါမယ် သွေးတော့ ဦးနဲ့
ရှင်ကွဲဖြစ်ဖြစ် သေကွဲဖြစ်ဖြစ် မခွဲပါရစေနဲ့နော်
သွေး ဦးကို အမှန်တကယ် ချစ်မိသွားလို့ပါ"

   " မင်းက လက်ထက်တော့မှာပဲကွာ
အေးရာအေးကြောင်း နေလိုက်ပါတော့
ဦးက မင်း သိတဲ့အတိုင်း ပုန်းနေတဲ့
အနက်ရောင်နာရီတက်တူးနဲ့ မင်းအဖေ
ကို ကလဲ့စား ပြန်ချေရဦးမှာလေ …
ပြီးတော့ အဟင်း ဦးက လူကောင်းသူကောင်း
မဟုတ်ဘူးလေ စိတ်ချပါ ဦး ထွက်မသွားပါဘူး
မင်းအနားမှာပဲ ရှိနေပေးသွားမှာပါ"

"အဟင့် သွေး ဦးကို သိပ်ကြောက်လာတယ်
ပို ပိုပြီးတော့လည်း ချစ်လာမိတယ် "

      သွေး ပြောစကားဆုံးစ ရှိတာနဲ့ ဦးညှို့နက်
သွေး လက်ကလေးတွေကို ဖယ်ချလို့ အခန်း
ထဲက ထွက်လာလေတော့သည်။ ထို့နောက်
တော့ အနားယူရာအခန်းဆီ ပြေးထွက်လာ
ခဲ့မိတဲ့အခါ ………

Love + Love [Normal Fiction]Where stories live. Discover now