(ep6)

343 3 0
                                    

သခင်မ အသုံးတော်ခံ သတို့သား

အပိုင်း ၆

'' သား ဟာလီ မင်းကွယ် နေပါစေ
သူတို့ဖာသာ အေးအေးဆေးဆေး''

''အဖေ မရှည်နဲ့ဗျာ အဖေ့ချွေးမကို
ခိုင်းသင့်တာခိုင်းရအောင် အိမ်တော့
နေခိုင်းကြည့်ပေါ့''

''ဒါကတော့ ဟာလီရဲ့''

''ဘာပြောအုံးမလို့လဲ ဖေသန်း
ရှင့် ပါးစပ်ကို ပိတ်''

''အလို မခင်စန်း နင်က တစ်မျိုး''

''ရှင်နော် ကျော်ရင်ဟာ လာဘ်ပိတ်ကောင်
ရှင့်ကို ကျုပ် အတော်ပဲ ပြောခဲ့ပါကောလား''

''ခင်စန်း နင့်ပါးစပ် မပိတ်ဘူးလား''

''မပိတ်နိုင်ဘူး မပိတ်ဘူး
ရှင်လို ခြေကျိုးကို ကြောက်ရမှာလား
ဟားဟား ဟားဟားလို့တောင် ရယ်လိုက်ချင်သေး''

''တော်ကွာ တိတ်''

''သား လာသွားမယ် လှလေးပိုကို
အခုပဲ တောကနေ အမေတို့အိမ် ရွေ့
နေဖို့ ပြောရမယ်''

''သွားကြစို့ အမေ ကြာသလားလို့''

ဦးဖေသန်း အရင်လို အာဏာပြင်းလို့
မရ။ တလောကပဲ တောင်ပေါ်ထင်းခုတ်
ရာက ပြုတ်ကျတော့ ဒလိမ့်ကောက်ကွေး။
အရှိန်က မနည်းတော့ အောက်ပိုင်းသေသလိုလို။

သားကြီးခမြာ အငြိမ်မနေအားရှာ။
အလုပ်ပင်ပန်းတောင် ချွေးမတိတ်ခင်
ပြေးလာလို့ ဖအေကို နှိပ်နယ်ပြုစုရှာသည်။
ချွေးမလေးကလည်း သဘောကောင်းပါပေ့။

သားဟာလီကို ငယ်က ချစ်သလောက်
ကြီးမှ သိရတာက ဟာလီဟာ အချောင်နေ
အချောင်စားကောင်။ ဘာမှ အားကိုးလို့
ရမဲ့ကောင် မဟုတ်တာ အသေအချာ။
သားကြီးကို ခြေမကျိုးခင် တစ်ခါလောက်
ထွေးပွေ့ချင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့။

''ကျော်ရင်ရေ ဟဲ့ ကျော်ရင်''

''ရှင် အော် အမေတို့ပါ့လား
လာပါရှင့် ထိုင်ပါ သမီးထင်းခြောက်
လိုက်ကောက်နေတာ ဦးကျော်ရင်ကတော့
ရေလာတုန်း ရေတင်နေတယ် အမေ''

''အို ဘာနေနေ ညည်းအမြင်မှတ်လား
ညည်းယောက္ခမ ဖေသန်း လမ်းမလျှောက်
နိုင်တော့တာကိုလေ''

Love + Love [Normal Fiction]Where stories live. Discover now