part20(zawgyi)

1.2K 20 4
                                    

Love + Love
|Author Blackclock

Chapter 11

   ဦးညှို့နက် လေးလံသော စိတ်ကို
ဖြေလျော့လို့ ချစ်ရသူ လာနေကြ
လမ်းမှာ လမ်းဘေးဝယ် ကားအကောင်း
စားကြီးကို ရပ်လို့ မှီလျက် စောင့်နေမိလေ
သည်။

   အသွေးက သိပ်ကို လှလွန်းပါပေ့။
ရှာဖွေခဲ့ရတဲ့ သက်တမ်းတစ်လျှောက်
သူမ ဘယ်လိုတွေတောင် ပင်ပန်းဆင်းရဲ
ခဲ့မယ် မသိ။

  " ဟင် ဟို ဟေး မိန်းကလေး "

       အလန့်တကြား ပြေးသွားကာ မိန်းမပျိုကို
ဦးညှို့နက် ပခုံးတို့ မေးကြည့်တော့ သူစိမ်း
မိန်းကလေးခင်မြာ လန့်သွားတဲ့ ဟန်။

" မိန်းကလေး ဟို"
"ဘယ်သူလဲရှင့် ရှင့်ကို ကျွန်မ မသိဘူးနော်"
"ဟုတ်ပါလိမ့်မယ်ဗျ အန်ကယ်က အသွေးရဲ့
အသိမိတ်ဆွေပါ ဟို အဲ့တာကြောင့်……"

"အော် အဟင်း ရိပ်မိပြီ အသွေးကို
မျှော်နေတာဖြစ်မယ်၊ သူ နေမကောင်းလို့
ဒီည ဆိုင်ကို မလာနိုင်ဘူးရှင့်"

"အော ဟုတ်ပြီ ဒါကြောင့် အတူတူ
လာတာ မတွေ့ရတာကိုး……
ဟို စိတ်မရှိရင် အိမ်လိပ်စာလေး
ပြောပြပေးပါ့လားဗျ"

  "ရှင် ဟုတ် ခဏနော် ကျွန်မ
လိပ်စာရေးပေးလိုက်မယ်"

   သန့်ပြန့်နေတဲ့ ဝတ်ဆင်မှုနဲ့ ရုပ်ရည်
ကြောင့် ထင်ရဲ့။ အသွေးပါတနာ မိန်းမပျို
ခမြာ စာရွက်နဲ့ ဘောပင်ထုတ်လို့ ရေးပေး
နေလေပြီ။

  " ကျေးဇူးပါဗျာ ခွင့်ပြုပါဦးနော် "

  အချိန်မဆွဲနိုင်တော့……။

   အလုပ်ရှုပ်နေတာနဲ့ ပစ်ထားမိခဲ့ရာက
ချစ်ရသူ နေမကောင်းဘူးတဲ့လေ။ စိတ်
ပူမှုတို့က ငယ်ထိပ်တက်လေပြီ။

  ဦးညှို့နက် အဆောင်ရှေ့ ရပ်လေမိ
တော့ ဧည့်ကောင်တာကပင် ငွေပေးလို့
အခန်းသော့ တောင်းလာခဲ့လေတော့
သည်။

  "ကျွီ……"

  ပူပန်တဲ့စိတ်ကြောင့် ဘာကိုမှ မတွေး
နိုင်တော့။ အခန်းတံခါးကို ဖွင့်လို့ ဝင်ခဲ့
မိလေတော့ အခန်းတွင်း လူရိပ်လူယောင်
မရှိ။

  " ဟင် ဟူး…… တော်ပါသေးရဲ့"

  သူ ထင်ထားသလို အသွေး အိပ်ရာပေါ်
လဲလျောင်းနေတာ မဟုတ်။ ငုတ်တုပ်လေး
ထိုင်လို့ အိပ်ရာပေါ် ငိုင်မှိုင်နေသည်။ ဒူး
လေးတွေပေါ် မေးလေးတင်ကာ မွေ့ရာ
ကို စိုက်ကြည့်နေသလိုလို။

Love + Love [Normal Fiction]Where stories live. Discover now