p5/S3(Z&U)

890 12 0
                                    

အခန်း ၅

     အိပ်မက်တစ်ခု…။

  စလယ်ရီ မက်နေလေသော အိပ်မက်
တစ်ခု။ ထို အိပ်မက်ကား ငယ်စဉ်က
မက်ခဲ့ဖူးလေ သော အိပ်မက်တစ်ခု။

" ဇိုဝီ လာကွာ အပျော်မယ်တွေဆီ
   ငါ သွားပျော်ချင်လှပြီ "
"ဇလုကလည်းကွာ သဘော လာပြီ"

      အသားခပ်ဖြူဖြူ နုနုဖက်ဖက်ရှိသော
လူရွယ်ခမြာ ထိုင်နေရာက ဘေးသိုင်းအိတ်
ကို ကောက်လွယ်ကာ ထလိုက်ခဲ့လေသည်။

ထိုစဉ် အရှေ့ဦးဆီက သွားနေသူမှာ
မျက်ခုံးမျက်ဖန်ကောင်းကောင်း ရဲဝံ့
မာန်အပြည့်နှင့် ရင့်ကျက်ဟန်ရှိလေ
သော ဇလု။

    ဇလုနှင့် ဇိုဝီဆိုတာ ပေါင်းဖော်ပေါင်းဖက်။
သောက်ဖော်သောက်ဖက်။သွားဖော်သွားဖက်
ပင်။အမှန်တော့ သူတို့နှစ်ဦးကား မဏိစလယ်
တိုင်းပြည်ရှိ အရာရှိအရာခံတွေလို့ဆိုလျှင်လည်း
မှားနိုင်မည်မဟုတ်။

    " ဇိုဝီ မင်း နေခဲ့ဦးမှာလား "
"အေး မင်း အဆောင်ဘက်ထဲ သွားနှင့်လေ
ငါ ခြေနင်းတော်တွေကို ဝတ်ထားဦးမယ်"

"မင်းကကွာ သိပ်ကို ပူပန်လွန်းတယ်"
"သွားမှာသာ သွားစမ်းပါ"
"အေး ငါသွားပြီနော်"

    ဇလုထွက်သွားတော့ မှောင်အိုနေလေသော
မြေအောက်လမ်းတိုက်ပျက်ကြီးအလယ် ခုံတန်း
တစ်ခုထက် ဇိုဝီ ထိုင်နေလိုက်သည်။ တအောင့်
ကြာမှ ဘေးသိုင်းလွယ်အိတ် ထဲရှိ ခြေနင်းတော်
တို့ကို ထုတ် ဝတ်ဆင်လိုက်လေတော့သည်။

   ထိုအချိန် အရှေ့ ခပ်လှမ်းလှမ်းနေရာတွင်
အမျိုးသမီးငယ် တစ်ဦးဆီမှ ဆွဲရမ်း  လုသွား
လေသော လူတစ်ယောက်နောက် ဇိုဝီ ခြေနင်း
တော်အားကိုးဖြင့် ခုန်ပျံ  လိုက်ခဲ့မိလေတော့
သည်။

      ဖြစ်ရပ်က မကြာလိုက်။ အိုင်းလေးလည်း
နံဘေးအနားကနေ ခုန်ပျံ  ထွက်သွားလေသော
သူကို လက်ကလေးပိုက်ကာ တွေ ငေးကြည့်နေ
မိသည်။အချိန်တစ်ခုကြာပြီးမှ ပျံထွက်သွားခဲ့လေ
သော သူကား သူခိုးဖမ်းပေးသော သူရဲကောင်း
တစ်ယောက်အသွင်ဖြင့် အို်ုင်း ရှေ့မှာဝယ် ထောင်
လွှားလွန်းစွာ ရပ်ကြည့်လာလေသည်။

Love + Love [Normal Fiction]Where stories live. Discover now