p11/S3(Z&U)

957 9 0
                                    

အခန်း ၁၁

   " ဇု "
"ပြောလေ စလယ်ရီ"
"စလယ်ရီ လည်ပင်းက လည်ဆွဲမှာ
အစွမ်းတွေ ရှိနေတာလား ဟင်"
"အဟင်း……"

  ဇု ရယ်ပြုံးနေသည်။ နှုတ်ခမ်းထောင့်ကို
တွန့်၍ ရယ်ပြုံးနေခြင်း။

  "ဇု စလယ်ရီအတွက်နဲ့ သူတစ်ပါးအသက်တွေကို
စတေးနေတာလား ဟင်"

"အို မဟုတ်တာ"
"ဟို မိန်းကလေး သုံးယောက်ကို ဘယ်လို
ဖမ်းဆီးခဲ့သလဲ ဟင်"
"အို ဖမ်းဆီးတယ်လို့ မသုံးစမ်းပါနဲ့ကွယ်
သူတို့တွေကို တိုက်ပွဲပြီးသွားတာနဲ့ ပြန်လွှတ်
ပေးမှာပါ တစ်ခုပဲ"
"ဘာလဲ ဇု"
"တိုက်ပွဲကို နိုင်အောင်တိုက်ရင်တော့
အဲ့ဒီ မိန်းကလေးတွေ အသက်ရှင်ပါလိမ့်မယ်"
"အို……"
"တိုက်ပွဲခေါ်သံတွေ ကြားနေရပြီ စလယ်ရီ
မဏိစလယ်က အိုင်းတို့လည်း ဒီကို ရောက်
နေကြပြီ ဒီတော့"
"ဒီတော့ စလယ်ရီကို ဇု ကိုယ်ပေါ်က စာသား
တွေကို ပြပေးနိုင်မလား ဟင်"
"ဟင်"
"ပြပေးပါ ဇု"
"မသိချင်ပါနဲ့လားကွယ်"
"အရင်ကမသိပေမယ့် အခု အစွမ်းတချို့
ကြောင့် ဇုအကြောင်း အကုန်သိပြီးနေပါပြီ
အာရုံမှာ မြင်ထားပြီမို့ စလယ်ရီ အတည်ပြု
ချင်လို့ပါ"

    စလယ်ရီပြောတော့ ဇု အပေါ်ဝတ်လေးကို
ချွတ်ပြလေသည်။ ရင်ဘတ်မှာရော ကိုယ်ပေါ်
အနှံ့မှာပါ အမှတ်အသားအချို့။ အထူးသဖြင့်
နှလုံးသားတည်ရာ နေရာဆီက ရေသူမလေးပုံ။
ပြီးသည့်နောက် 'ပင်လယ်ငိုသောညက စလယ်ရီ
ပျောက်သွားခဲ့သည် ' ဆိုသော စာသား။

  " စလယ်ရီ ပျောက်သွားခဲ့တယ် ဟုတ်လား "
"အင်း ဒါတော့ ဇုလည်း မသိဘူး စလယ်ရီ"
" ဒီစာသဘောက အဖြစ်အပျက်တွေအားလုံးက
ဖြစ်ခဲ့ပြီးသားလား ဟင်"
"အင်း ဆိုပါတော့ တိုက်ပွဲမှာ ဆရုန်းတွေ
အတုံးအရုန်းသေကြေပျက်စီးကြလိမ့်မယ်
စလယ်ရီ အောင်နိုင်သူ ဖြစ်လိမ့်မယ် ဒါပေမယ့်"
"ဇုကကော ဟင်"
"ပျောက်သွားလိမ့်မယ် ဘာကြောင့်လဲတော့
မမေးနဲ့နော် စလယ်ရီ ဇု မသိဘူး ၊ ဒါကြောင့်
လည်း ငိုဦးမယ့် ပင်လယ်ကိုကော ပျောက်သွား
မယ်ဆိုတဲ့ စလယ်ရီကိုပါ ဇု ဘယ် ဘယ်လို
တွေးရမှန်း မသိတော့ဘူး"
"ဇုရယ်……"
"ဟင်"

      နွေးသော ရင်ခွင်ထဲ စလယ်ရီ တိုးဝှေ့ဖက်
ထားမိလိုက်သည်။ ဇု ရင်ခုန်သံတို့ကို နားထောင်
ကြည့်မိသည်။ ခုန်သံကို မကြားရ။ ဘာတွေများ
ဖြစ်လာဦးမည်နည်း။ ငယ်စဉ်ကလေး ဘဝကတည်း
က ပင်လယ်၏ စေခိုင်းခြင်း ခံခဲ့ရသော ဇု တစ်ယောက်
ဘယ်လိုဘယ်ပုံ ဖြစ်လာဦးမည်မသိ။

Love + Love [Normal Fiction]Where stories live. Discover now