part26(zawgyi)

820 11 2
                                    

Love+Love
Author blackclock

Chapter 15

      လှမ်းလျှောက်နေလေသော ခြေလှမ်းတို့တွင်
မာန်အပြည့်တို့ ပြည့်လျှမ်းနေသော်လည်း ရင်တွင်း
တစ်နေရာက ရင်ခုန်သံတို့ ဆူညံရာ ရပ်ဝန်းလေး
ကြောင့် ဦးညှို့နက် မျက်ဝန်းတွေက တစ်ခါတစ်ရံ
မှုန်မှိုင်းနေတတ်လေသည်။

   " အင် "

    မြင်လိုက်ရသော အရာဆီက အသံကြောင့်
ခြေလှမ်းတန့်သွားရလေပြီ။

"သားသားလေးပါ့လားကွ"
"ဦးဦး ဟီး……"

   "လာပါဦးကွ ဟေ၊ ဟွန် ပြောပါဦး
သားသားလေး ဒီတစ်ခါလည်း လမ်းပျောက်
လာတာလား ဟေ "

"ခစ် ခစ်"

  လူပေါ်ပြေးတက်ကာ တခစ်ခစ် ရယ်နေလေ
သော ချစ်စဖွယ် ကလေးငယ်။

"သားသား တီလေးနဲ့ လိုက်လာတာ"
"ဟေ ဟို တစ်နေ့က သားသားလေးကို
ချီသွားတဲ့ သူနဲ့လား"

"ဟုတ်"

"သူဋ္ဌေး အစည်းအဝေး နီးပါပြီ"
"အင်း…"

  " ဦးဦး "
"ဟေ ပြောလေ သားသားလေး"
"သားသားလေ ဦးဦးနဲ့ အတူတူ
နေချင်သေးတယ် ဗျ၊ အာဘွား ဟီးဟီ
သားသား အဲ့လို အာဘွားတွေ အများကြီး
ပေးမယ်လေနော်"

    အရှိုက်တည့်တည့်ကို နမ်းလိုက်လေသလား
မသိ။ နှလုံးသားက စူးလို့ အောင့်နေသလို
ကျန်းမာခါစကတည်းက ကြည်နူးပျော်ရွှင်မှု မရ
ခဲ့သလောက် ကလေးပေါက်စလေးနဲ့မှ သူ့ နှလုံး
ခုန်သံတွေ ဘာဖြစ်တယ် မသိ။

"ဒါပေါ့ကွ ရတာပေါ့ ၊ ဒါပေမယ့်……"
"ဟွန် ဘာလို့လဲဗျ"

"ဦးဦးမှာ အလုပ်ရှိသေးတယ်ကွ"
"ဟင့် ဟင်း……"
"ဟ နေပါဦးကွ ဘာလို့ လူပေါ်က
ဇွတ်ဆင်းနေတာတုန်း၊ ဦးဦး ပြောတာ
စကားမဆုံးသေးတာကိုကွယ်၊ ဒီလိုကွာ
သားသား ဦးဦးအပေါ် ငြိမ်ငြိမ်လေး ထိုင်နေ
ရင် အလုပ်ပြီးတာနဲ့ ဦးဦးတို့ ကစားကြမယ်လေ
မုန့်တွေလည်း အများကြီး ဝယ်ကျွေးမယ်"

"တကယ်နော်"
"တကယ်ပေါ့ကွ လာ ဦးဦး
သားသားလေးကို ချီမယ် "

"ဦးဦးက ချစ်စရာကြီး"
"အဟား ဟုတ်တယ်လားဟေ"

  သားအဖရင်းတွေ အခုလို ရယ်မော ပျော်ရွှင်
နေကြတော့လည်း မြင်ရရှုရသော အသွေး
အဖို့ ရင်ထဲ ခံစားလို့ မကောင်း။ သွေးက
စကားပြောတယ်ဆိုရမလား……ဟင်း……။

Love + Love [Normal Fiction]Where stories live. Discover now